Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့ အစီအစဉ် (၂၄ - ၇ - ၂၀၂၆)

Friday, July 24, 2026 - 13:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး

၂၁ ရက်မြောက်နေ့ အစီအစဉ်

[ ၂၄ - - ၂၀၂၆ ] ( သောကြာနေ့ ) နေ့လယ် ၁၃:၃၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၂၁ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးဝင်းတင့်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းရုံးအနေဖြင့် မီတာယူနစ်များထည့်သွင်းရာတွင် တစ်လသုံးယူနစ်အား လာရောက်ဖတ်ရှုခြင်းမရှိပဲ ခန့်မှန်းယူနစ်များဖြင့် ငွေတောင်းခံခဲ့သည့်အတွက် မီတာယူနစ်ကောက်ခံမှု မှန်ကန်ခြင်းမရှိကြောင်း လျှပ်စစ်မီတာယူနစ်များ အတိအကျဖြစ်စေရေးဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ မီတာခတောင်းခံလွှာများအား မီတာသုံးစွဲသူများ လက်ဝယ်အရောက် လာရောက်ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မီတာခပေးဆောင်ရာနေရာတွင်လည်း ငွေပေးသွင်းသည့် ကောင်တာများ ထပ်မံတိုးချဲ့၍ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း၊

(ခ) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ အများပြည်သူများအား ရေဖြန့်ဝေပေးရာတွင် လျှပ်စစ်မီးအသုံးပြုနေရပြီး လျှပ်စစ်မီတာခသည် (၁)ယူနစ်လျှင် (၅၀၀)ကျပ် ဖြစ်သွားသည့်အတွက် ရေဖြန့်ဝေမှုမှရသည့်ဝင်ငွေနှင့် လျှပ်စစ်မီတာခမမျှတဘဲ လစဉ်လိုငွေပြနေသဖြင့် လျှပ်စစ်မီးနှင့် ဆိုလာစနစ် တွဲဖက်အသုံးပြုနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က) ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ် 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၁၂ )

( ခ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၂ )

( ဂ ) ဦးသန်းအေး(ခ)ဦးတင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၁၀ )

(ဃ) ဦးစောသွင်၊ မကွေးတိုင်းဒေသကြီး 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၉ )

( င ) ခွန်စောလွင်၊ ရှမ်းပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၈ )

( စ ) နော်ယုဇနဝါ၊ ကရင်ပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၁၁ )

(ဆ) ဒေါက်တာဗညားအောင်မိုး၊ မွန်ပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၇ )

မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် ( ၅ ) မိနစ်။

၇။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်‌တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က) ခွန်ထိုင်း၊ ရှမ်းပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၃ )

( ခ ) ဒေါက်တာဗညားအောင်မိုး၊ မွန်ပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၇ )

( ဂ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၂ )

မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် ( ၅ ) မိနစ်။

၈။ ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆)၏ လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း-

(က) ဦးအောင်လှထွေး၊ မကွေးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၁ )

( ခ ) ဦးဟိန်းမင်းဦး၊ မန္တလေးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၃ )

( ဂ ) ဦးရဲထွဋ်အောင်၊ မွန်ပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၈ )

(ဃ) ဦးဝင်းဖေမောင်၊ မန္တလေးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်( ၄ )

မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် ( ၆ ) မိနစ်။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၂၂ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။