Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ဒုတိယနေ့အစည်းအဝေးအကျဉ်းချုပ် (၃၁-၃-၂၀၂၆)

Tuesday, March 31, 2026 - 12:06
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးပထမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော်

ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်

(၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်)

[ အင်္ဂါနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးဒုတိယနေ့ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၏ တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၅၇)ဦး ရှိပြီး (၁၅၅)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၁၅၇)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၂)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

ဒုတိယသမ္မတ၏အမည်ကို ကြေညာခြင်းနှင့် ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြမည်ဖြစ်ကြောင်း ကြေညာခြင်း

၄။ ဒုတိယသမ္မတလောင်းအမည်စာရင်းတင်သွင်းရာ၌ (၂)ဦး ရှိသဖြင့် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ရာတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေ ၂၂ အရ ထောက်ခံဆန္ဒမဲအများဆုံးရရှိသည့် ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) ဒေါ်နန်းနီနီအေး ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာပါသည်။

၅။ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်း ကြေညာပါသည်။

၆။ အစည်းအဝေးကို ၁၁:၁၇ နာရီ အချိန်တွင် ရပ်နားပြီး ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်