အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ပဲခူးတိုင်းဒေသ ကြီးအတွင်း လယ်သမားများ စပါးအထွက်တိုး ရေးနှင့် မဒေါ့ဆည်မြောင်းမှ ရေလျှံပြီး လယ်မြေများ ရေနစ်မြှုပ်ခြင်းအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် ဆွေးနွေးခြင်း အစည်းအဝေးကို ၁၇.၃.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၊ အစည်းအဝေး အမှတ်စဉ် ၆/၂ဝ၁၂ ဖြင့် ပြုလုပ် ကျင်းပခဲ့ပြီး လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေး နှင့်ပတ်သက်၍ ဆည်မြောင်းမှ ရေပေးဝေမှု၊ စပါး စိုက်ပျိုးမှု၊ မြေသြဇာ သုံးစွဲမှုများအား ရှင်းလင်း ပြောကြားကြောင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။