အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လက်လုပ်လက်စားများ အလုပ်လက်မဲ့ ဖြစ်ရခြင်းကိစ္စ နှင့်ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးကို ၁၇.၃.၂ဝ၁၂ ရက်နေ့ နံနက်ပိုင်း၊ အစည်းအဝေး အမှတ်စဉ် ၅/၂ဝ၁၂ ဖြင့် ပြုလုပ် ကျင်းပခဲ့ပြီး သတ္တုတွင်း ဝန်ကြီးဌာနမှ ဥပဒေများကို ခေတ်နှင့် လိုက်လျော ညီထွေရှိအောင် ပြင်ဆင်ရေးဆွဲပြီး ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။