Share this

တောင်သူလယ်သမားနှင့် ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာကော်မတီ၏ ၂၂.၈.၂ဝ၁၂ ရက်နေ့ အစည်းအဝေး

Wednesday, August 22, 2012 - 17:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ တောင်သူလယ်သမားနှင့် ပတ်သက်၍ Small Farm များ ထားရှိရေး၊ စားသုံးဆီဖူလုံရေးအတွက် နေကြာ စိုက်ပျိုးရေး၊ အရန်မျိုးစပါး ထားရှိရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံရေး ဆွေးနွေးပြီး အလုပ်သမား အလွှာအသီး သီးဝင် သယံဇာတ ဖြစ်သည့် ဥပဒေ ပေါ်ထွက်ရေး၊ ပြည်ပ အလုပ်သမားများ အတွက် အာမခံချက် နှင့်လုံခြုံမှု ရှိသည့် ဥပဒေ ပေါ်ပေါက်ရေး ဆွေးနွေးခြင်း  အစည်းအဝေးကို ၂၂.၈.၂ဝ၁၂ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၁၀/၂ဝ၁၂ ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး အာဆီယံ(၁ဝ) နိုင်ငံ အလုပ်သမား ဥပဒေနှင့် ပတ်သက်သည့် ဥပဒေများအား စာအုပ်ချုပ်၍ အမျိုးသားလွှတ်တော် စာကြည့်တိုက်တွင် ထားရှိရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။