အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ အနိမ့်ဆုံး အခကြေးငွေ (Minimum Wages) သတ်မှတ် နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း အစည်းအဝေးကို ၂၇.၁ဝ.၂ဝ၁၁ ရက်နေ့ အစည်းအဝေး အမှတ်စဉ် ၁/၂ဝ၁၁ ဖြင့် ပြုလုပ် ကျင်းပခဲ့ပြီး အလုပ်ရှင် အလုပ်သမား ခန့်ထားမှုဆိုင်ရာ သဘော တူညီချက်စာချုပ် ချုပ်ဆိုရန်၊ အလုပ်ချိန်ကို (၈)နာရီ သတ်မှတ်၍ ရက်သတ္တပတ် (၁)ပတ်တွင် (၂)ရက် အနားပေးရန်၊ အနည်းဆုံး အခကြေးငွေ (Minimum Wages) သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဥပဒေများ ပြုစုရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။