Share this

တောင်သူလယ်သမားနှင့် ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာကော်မတီ၏ ၁၉.၂.၂ဝ၁၂ ရက်နေ့ အစည်းအဝေး

Sunday, February 19, 2012 - 16:37
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်



အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်တွင်းလုပ်ငန်းများရှိ အလုပ် သမားများ၏ အနိမ့်ဆုံး လုပ်အားခအပေါ် ထိခိုက်မှု မရှိစေရေးအတွက် ဆွေးနွေးခြင်း အစည်းအဝေးကို ၁၉.၂.၂ဝ၁၂ ရက်နေ့၊ အစည်း အဝေး အမှတ်စဉ်  ၄/၂ဝ၁၂ ပြုလုပ် ကျင်းပခဲ့ပြီး အလုပ်သမားနှင့် ပတ်သက်သော ဥပဒေ (၁၉) ခုကို ပြန်ပြီး Review လုပ်သည့်အခါ နိုင်ငံတကာ စံနှုန်းနှင်‌့ ညီအောင် ဆောင်ရွက်သွားရန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံဘက်မှ မှတ်ပုံတင်ထားပြီးသော အလုပ်သမားများအား ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေး နိုင်ရေးအတွက် ဆောင်ရွက်ရန် အစည်း အဝေးမှ ဆုံးဖြတ်ခဲ့သည်။