Share this

ဒသမနေ့ အစီအစဉ် (၁ - ၂ - ၂၀၁၈)

Thursday, February 1, 2018 - 10:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး
ဒသမနေ့ အစီအစဉ်
[ ၁ - ၂ - ၂၀၁၈ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ



၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ဒသမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က)   ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ အလွန်အမင်းဆိုးရွားစွာ ပျက်စီးလျက်ရှိသည့်  ငါးသရောက် - ဇဂျမ်း - တောင်သာလမ်း၊ ဇဂျမ်း - မြင်းခြံ ကားလမ်းနှင့် တောင်သာ - နွားထိုးကြီးလမ်း တို့ကို ဆယ့်နှစ်ရာသီအသုံးပြုနိုင်သော ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ် အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အပိုင်တွင် မူလနေရာ၌ လက်ရှိအသုံးပြုရန် မလိုအပ်တော့သည့် တာပိန် မြစ်ကူးကြိုးတံတား(မြို့သစ်)အဟောင်းအား မိုးလဲချောင်း ဖြတ်သန်းစီးဆင်းရာ သင့်တော်သည့် ကျေးရွာတစ်ခုခု၌ ပြောင်းရွှေ့တပ်ဆင်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် မင်းသန်း - မောင်းလှော် မြစ်ကူးတံတား (၁)စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)   ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေး တိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပနီချောင်းကူး (ရှမ်းတပ်) တံတားကို သံကူကွန်ကရစ်တံတားအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြန်လည် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )  ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရာ၌ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ပုဏ္ဏားကျွန်း - ပေါက်တော မြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း၊

( စ )  ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မင်းဘူး မြို့နယ်တွင် အသစ်ပြန်လည် တည်ဆောက်ခဲ့သည့် ရေပူရိုးချောင်းတံတားနှင့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်ခြင်းတွင် လုပ်ငန်းပြီးစီးမှုနှင့် ကျွမ်းကျင်မှု ဆိုင်ရာ အရည်အသွေး စစ်ဆေးရေး/ ထိန်းသိမ်းရေး Work Done & Quality Control (WD/QC) အဖွဲ့များက စစ်ဆေးလက်ခံပြီးမှ တံတား ချဉ်းကပ်လမ်း ပြိုကျ ပျက်စီးမှုတွင် တာဝန်ရှိသူများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။

  ၇။    အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

  ၈။   ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)က ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ရှီလာနန်တောင်(ခ)အမ်နန်တောင် ကွယ်လွန်သွားခြင်း အတွက် အထူးဝမ်းနည်းကြောင်း အဆိုတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း။

  ၉။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက် ကွယ်လွန်ခဲ့ပါက အမျိုးသားလွှတ်တော်က လူမှုရေး ကူညီထောက်ပံ့ပေးရန် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း။

၁၀။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒသမနေ့ ရပ်နားကြောင်းနှင့် ၁၁ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။