တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ချင်းဆက်လမ်းအား အကျယ်(၁၂)ပေလမ်းမှ အကျယ် (၁၈)ပေ နိုင်လွန်ကတ္တရာလမ်းမအဆင့်သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိမေးခွန်း။
အဆိုပါလမ်းသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်တို့ကို တိုက်ရိုက်ဆက်သွယ်ပေးထားသည့် အဓိကခရိုင်ချင်းဆက် နှလုံးသည်းပွတ်လမ်းမကြီးဖြစ်ပါသည်။
ပင်းတယမြို့နယ်နှင့် ရပ်စောက်မြို့နယ်များသည် ပြောင်းစေ့၊ ကြံ၊ အာလူး၊ ချင်း(ဂျင်း)၊ ကော်ဖီ၊ လက်ဖက်၊ ထောပတ် အစရှိသော သီးနှံစုံနှင့် အခြားတန်ဖိုးမြင့် စိုက်ပျိုးရေးထွက်ကုန်များ အမြောက်အမြားထွက်ရှိရာဒေသများဖြစ်ပြီး ထိုလမ်းမကြီးသည် အဆိုပါထွက်ကုန်များကို ပြည်နယ်အတွင်းနှင့် ပြည်ပဈေးကွက်များသို့ အချိန်တိုအတွင်း သယ်ယူပို့ဆောင်ရာတွင် အဓိကအားထားနေရသည့်လမ်းကြောင်းဖြစ်ပါသည်။
ယခုအခါ မူလ(၁၂)ပေလမ်းသည် သတ်မှတ်စံချိန်စံညွှန်းထက် ကျဉ်းမြောင်းနေပြီး ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်စည်တင်ဆောင်သည့် ကုန်တင်ယာဉ်များ၊ တွဲကားကြီးများ မျက်နှာချင်းဆိုင် ရှောင်ကွင်းမောင်းနှင်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ရပါသည်။ ပြည်နယ်သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် ပင်းတယမြို့နယ်အတွင်း (၁၅)မိုင်၊ ရပ်စောက်မြို့နယ်အတွင်း (၁၅)မိုင် စုစုပေါင်း (၃၀)မိုင်ရှိသောလမ်းအား တစ်နှစ်လျှင် တစ်မြို့နယ်မှ (၂)ဖာလုံခန့်သာ ပြင်ဆင်နေသည်ဖြစ်ရာ ကာလအားဖြင့် နှစ်ပေါင်း(၆၀)ကြာမှသာ ပြင်ဆင်ပြီးစီးမည့်အခြေအနေဖြစ်ပြီး လမ်းပျက်စီးကျဉ်းမြောင်းနေသောအနေအထားနှင့် ကိုက်ညီမှုမရှိသောအခြေအနေဖြစ်ပါသည်။ ပင်းတယမြို့နယ်၏ လက်ရှိပြင်ဆင်ရန် ကျန်ရှိနေသော (၇)မိုင်ခန့်ဆိုလျှင် ဘဏ္ဍာရေးနှစ်များစွာ အချိန်ယူပြီး ပြင်ဆင်နေရမည်ဖြစ်ပါသည်။
အထက်ပါ အဆိုပြုလမ်းအား အဆင့်မြှင့်တင်ပေးခြင်းဖြင့် ပင်းတယမြို့နယ်နှင့် ရပ်စောက်မြို့နယ်များရှိ ဒေသခံပြည်သူလူထုထောင်ပေါင်းများစွာ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သွားလာမှုများပိုမိုမြန်ဆန်ချောမွေ့လာမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်သို့ အချိန်မီပေးပို့နိုင်ခြင်းကြောင့် တောင်သူလယ်သမားများ၏ဝင်ငွေများ ကောင်းမွန်လာစေပါမည်။ ဒေသကုန်သွယ်မှုနှင့် ခရီးသွားလာမှုကဏ္ဍ တဟုန်ထိုးမြင့်မားလာကာ ပြည်နယ်၏စီးပွားရေးကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်ချင်းဆက်လမ်းအား အကျယ်(၁၈)ပေ နိုင်လွန်ကတ္တရာလမ်းမအဆင့်သို့ တိုးမြှင့်အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်းမေးမြန်း တင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မာလာဆန်းမှ မေးမြန်းထားတဲ့ “ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ချင်းဆက် မိုင်(၃၀)လမ်းအား အကျယ်(၁၂)ပေလမ်းမှ အကျယ် (၁၈)ပေ နိုင်လွန်ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်း၍ မေးခွန်းအား ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။
ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။