| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးဟန်ဝင်းသိန်း |
|
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) |
|
|
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ |
|
| ပြန်လည်ဖြေကြားသူ |
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် |
| နယ်စပ်ရေးရာ ဝန်ကြီးဌာန | |
| အကြောင်းအရာ |
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြုလုပ် ထားသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ လမ်း/တံတား များသည် စံချိန်စံညွှန်း အရည်အသွေးပြည့်မီမှု မရှိခြင်းကြောင့် ပျက်စီး ယိုယွင်းနေမှုများကို လုပ်ဆောင်သော ကုမ္ပဏီများအား စာချုပ်ပါ အချက်အလက် အရည်အသွေးအတိုင်း ပြန်လည်ပြုပြင်စေခြင်း ရှိ/မရှိ နှင့် နောင်ဘဏ္ဍာရေးနှစ်များတွင်လည်း ဆောက်လုပ်မည့် ကုမ္ပဏီများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်၊ ပျက်ကွက်ပါက အရေးယူခြင်း၊ အရည်အသွေး စစ်ဆေးခြင်းနှင့် စိစစ်လက်ခံခြင်းတို့အား တိကျခိုင်မာသော စီမံမှုစနစ်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၂၆)တွင် ဖတ်ရှုပါ။ |