ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
နဝမနေ့ အစီအစဉ်
[ ၆ - ၈ - ၂၀၂၀ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း။
၃။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၄။ အမျိုးသားလွှတ်တော် နဝမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၅။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၆။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးဇယ်ခေါင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ဝိုင်းမော်-မန်ဝိန်း-ချီဖွေ သွားသောကားလမ်းပေါ်ရှိ လမ်းဦးစီးဌာနမှ လမ်းအသုံးပြုခ ကောက်ခံ ခွင့်ပြုထားခြင်းမရှိဘဲ လမ်းအသုံးပြုခ ကောက်ခံနေသော ပြည်သူ့စစ်ဂိတ် များကို အမြန်ဆုံးဖြုတ်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးဂျေယောဝူ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စု၊ ချီလာဝါဒီကျေးရွာ သို့မဟုတ် လော်ဝူးချီလာကျေးရွာတွင် တရားဝင် (မြန်မာ-တရုတ် ကျောက်တိုင် အမှတ်-၃၁) ဝင်ထွက်ဂိတ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် နယ်စပ်ကူး စာအုပ် (BP) ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စုအနီးရှိ ဝက်ဝံတောင် သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၅)အတွင်း မြေငှားတောင်သူများအား သစ်ပင်စိုက်ပျိုးရန် သက်ဆိုင်ရာမှ ခွင့်ပြုထားသော်လည်း စိုက်ပျိုးခြင်း မပြုဘဲ ကုမ္ပဏီများမှ အဖွဲ့အစည်းတချို့နှင့် ပူးပေါင်းပြီး ရွှေတူးဖော်နေသဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် တောင်သူများ ထိခိုက်နစ်နာနေမှုအပေါ် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံရှိ တူးဖော်ပြီး၊ တူးဖော်ဆဲ သတ္တုတွင်းကြီးများ ဖြစ်ကြသော စပယ်တောင်၊ ကြေးစင်တောင်သတ္တုတွင်း၊ ကျောက်ပုထိုး ရွှေသတ္တုတွင်း၊ ဟိန္နားခဲမဖြူသတ္တုတွင်း၊ မောတောင် ဟင်းလင်းဖွင့် ကျောက်မီးသွေး သတ္တုတွင်း၊ ကလေးဝမြေအောက် ကျောက်မီးသွေးသတ္တုတွင်းများအား သတ္တုတွင်း ပိတ်သိမ်းခြင်း အစီအမံ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ခုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံကြီးအတွက် (၉၀ x ၃၄ x ၂၄)ပေ RC (၂)ထပ်ဆောင်အသစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဝေဒနာရှင်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ကုသမှု ပေးနိုင်ရန် အမျိုးသားအဆင့် စိတ်ကျန်းမာရေးမူဝါဒအား မည်သို့ ချမှတ် ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဆ) ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တံတားကျေးရွာအုပ်စု၊ တံတား အနောက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၇။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆေးပစ္စည်း ကိရိယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။
၈။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းကို ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။
၁၀။ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ “ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းများ လျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေး လုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်း စုံစမ်းလေ့လာမှု” အစီရင်ခံစာကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။
၁၁။ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ရပ်နားကြောင်းနှင့် ဒသမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။