ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၄/၂၀၁၂) ကို ၃-၉-၂၀၁၂ ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ကော်မတီရေးရာဆောင် အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။