Share this

ပဉ္စမနေ့ အစီအစဉ် (၂၈ - ၁ - ၂၀၁၉)

Monday, January 28, 2019 - 08:35
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ပဉ္စမနေ့ အစီအစဉ်

[ ၂၈ - ၁ - ၂၀၁၉ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ပဉ္စမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကျောက်ရဲကျေးရွာ၊ သဲရိုးကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ဖောင်ဆိပ်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေမှုကို ဟန့်တားရန်အတွက် မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ပေးရန်နှင့် တစ်ဖက်ကမ်းကျွန်းသောင်အား မြစ်ဖြတ်တူးမြောင်းဖော်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်ကာအုပ်စုရှိ ကျောက်တံခါး ဆည်တမံတွင် ရေထိန်းတံခါးတစ်ခု မိုးရာသီအမီ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ မြန်မာနိုင်ငံ၏ သဘာဝရေပြင်၊ မြစ်ချောင်း၊ အင်းအိုင်များတွင် စိုက်ထည့်ပေးသော ငါးသားပေါက် ငါးမျိုးကောင်ရေပမာဏ (သန်းပေါင်း) မည်မျှရှိသည်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များထဲတွင် ငါးကောင်ရေ မည်မျှ စိုက်ထည့်ခဲ့သည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့ပေါ်ရှိ လွတ်လပ်ရေးကွင်း မြေနေရာတွင် စိုက်ထူထားသည့် လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်မြေနေရာအား ကိုယ်ကျိုးအတွက်ရယူထားရှိမှု များကို မူလအတိုင်း ပြန်လည်ထားရှိပြီး ယင်းလွတ်လပ်ရေး ကျောက်တိုင်အား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၏ အထင်ကရသမိုင်းဝင်တောင်ဖြစ်သော တောင်ဝိုင်းတောင်(ခ) နာဂဝီသတောင်တန်း၏ အရှေ့ဘက်ခြမ်း (ကျိုက်မရောမြို့နယ်အပိုင်)ဘက်တွင် စီးပွားရေးသမားများ၏ တောင်ကိုခါးလယ်မှဖြိုချပြီး ကျောက်နှင့်မြေကြီးများ ထုတ်ယူရောင်းစားနေမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ကြုံတွေ့ နေရခြင်းအပေါ် မည်သို့ထိန်းသိမ်းဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ 

၆။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဒေါက်တာတင်တင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)

( ခ )ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)

( ဂ )ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ တပ်မတော်သားကိုယ်စားလှယ်

(ဃ)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)

( င )ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

( စ ) ဗိုလ်မှူးရဲအောင်စော၊ တပ်မတော်သားကိုယ်စားလှယ်

(ဆ) ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။