Share this

ပထမနေ့အစည်းအဝေးအကျဉ်းချုပ် (၁၂.၁၁.၂၀၁၈)

Monday, November 12, 2018 - 12:55
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ရက်

( ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် )

[ တနင်္လာနေ့]

 

၁။         ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၂။         ကတိသစ္စာ မပြုရသေးသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

    (က)  ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ကျီးကန်းပြင် - ကြိမ်ချောင်း - အောင်သပြေ - ဗန္ဓုလ လမ်းကြား၌ ဝက်ကျိန်းတံတား၊ တမန်းသားတံတား၊ လက်ျာေချာင်း တံတား၊ လောင်းဘုတ်တံတား၊ ဟာလာတပ်ဖာတံတား၊ အာဇဘော်တံတား၊ မာဇီးတံတား၊ ပဒကားဒေဝါနလီတံတား၊ ကြောင်းနဘေတံတား၊ တံတားအမှတ် (1/1) တံတားများ အား ဦးစားပေးကဏ္ဍအလိုက် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ဦးစားပေးကဏ္ဍအလိုက် ပြည်ထောင်စုနှင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေများတွင် လျာထား တင်ပြပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

     ( )  ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်မြို့နယ်များအပါအဝင် ရန်ကုန် - စစ်တွေ အဝေးပြေး လမ်းမကြီးကို ဆက်သွယ် ပေးမည့် ရမ်းဗြဲမြို့နယ်အတွင်းရှိ ရမ်းဗြဲ-လေးတောင်- သပြေဆိပ် လမ်းပိုင်းအား ပြည်ထောင်စုအစိုးရအနေဖြင့် လမ်းအဆင့် (A)အဖြစ် သတ်မှတ်ပြီး ကုန်တင်ကား များ၊ လူစီးကားများ ရာသီမရွေး သွားလာနိုင်သော အဆင့်မီ ကုန်ထုတ်လမ်းဖြစ်သည့် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ် သည့်အတွက် လက်ရှိတွင် ရာသီမရွေးသွားလာနိုင်ရန် ကျောက်ချောလမ်း အဆင့်ကို ဦးစားပေးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ပြည်နယ်ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်လမ်း (သို့မဟုတ်) ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

            ( )  ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဘီးလင်း မြစ်ကူးတံတားကို အသစ်ပြန်လည် တိုးချဲ့တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က Regional Infrastructure Improvement Project တွင် ပါဝင်ပြီး JICA ODA LOAN Phase III ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

            ()  ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ ခမောင်းတက် - ကန့်သရီ  ကျေးရွာချင်းဆက် ချောင်းကူး တံတားအား ကွမ်းသီးပင တံတားအဆင့်မှ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားသွားမည် ဖြစ်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

    ()   ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်() မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာရှိ ထန်းသားဖြင့်ပြုလုပ်ထားသော ချောင်းကူးတံတားနေရာတွင် အရည်အသွေးပြည့်မီသည့် ကွန်ကရစ်တံတား အသစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (C)ဦးစားပေးအဆင့်()တွင် ပါဝင်သောလမ်းပေါ်တွင် တည်ရှိသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။         ဥပဒေကြမ်းကော်မတီဝင် ဦးစိုးမိုး က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းအား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၅။        ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးစိုးမိုး တင်သွင်းသည့် တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်()ဦးက ဆွေးနွေးသည်။

၆။       အစည်းအဝေးကို ၁၀၅၅ နာရီအချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို      ၁၃-၁၁-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်