ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးပထမနေ့မှတ်တမ်း ၁၃၇၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်( ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက် )[ ကြာသပတေးနေ့ ] အချိန်၊ ၁၀း၀၀။ နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဥ်ကို ၁၀း၀၀ နာရီအချိန်၌ စတင်ကျင်းပ ပါသည်။ [အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်း က ဆောင်ရွက်ပြီး၊ အခမ်းအနားမှူး အဖြစ် ဦးလွင်ဦး၊ ညွှန်ကြားရေးမှူးချုပ် အမျိုးသားလွှတ်တော်ရုံးက ဆောင်ရွက်ပါသည်။]အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်းအချိန်၊ ၁၀း၀၀။ အခမ်းအနားမှူး။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ယခုအချိန်က စပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးရဲ့ ပထမနေ့ အစီအစဉ် စတင်ပါတော့မယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ကြွရောက်လာပါပြီခင်ဗျား။အချိန်၊ ၁၀း၀၀။ ဥက္ကဋ္ဌ။ ။ အားလုံး မင်္ဂလာပါ။ [အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌ အတွက် သတ်မှတ်ထားသည့် စင်မြင့်ပေါ်သို့ ကြွရောက်နေရာယူပါသည်။] အခမ်းအနားမှူး။ ။ အားလုံးထိုင်နိုင်ကြပါပြီခင်ဗျား။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက်ကတိသစ္စာ မပြုရသေးသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း အချိန်၊ ၁၀း၀၂။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ယခု ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ ကတိသစ္စာမပြုရသေးတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းများက ဥက္ကဋ္ဌ ရှေ့မှောက်မှာ ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုး ရမှာဖြစ်ပါတ ယ်။ ဒါ့ကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ စင်မြင့်ရှေ့မှာ နေရာယူ ပေးဖို့ ဖြစ်ပါတယ်။ ကတိသစ္စာကို တိုင်ပေးတဲ့အခါ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက လိုက်ဆိုဖို့ ဖြစ်ပါတယ်။ ယခု ကတိသစ္စာပြုပါမယ်။ အစည်းအဝေးခန်းမ အတွင်းမှာရှိတဲ့ ပုဂ္ဂိုလ်အားလုံး မတ်တတ် ရပ်ပေးကြဖို့ ဖြစ်ပါတယ်။ ကတိသစ္စာ တိုင်ပေးတဲ့အခါ ကျွနု်ပ် ဆိုပြီးတဲ့နောက် မိမိ အမည်ကို ထည့်သွင်းရွတ်ဆိုဖို့ ဖြစ်ပါတယ်။ လိုက်ဆိုပါ။ “ကျွနု်ပ် - - - - - - - - - - - - - - သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင် ယခု ကျွနု်ပ် ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာ ပြုပါသည်။” အားလုံး ထိုင်နိုင်ကြပါပြီ။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်းအချိန်၊ ၁၀း၀၅။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ဒီကနေ့ ကျင်းပတဲ့ ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်အခွင့်အရေးကော်မတီရဲ့ တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၂၂၄)ဦးရှိပြီး ဒီကနေ့ အစည်းအဝေးကို (၂၀၄)ဦး တက်ရောက်ပါတယ်။ ၂၀၁၇ ခုနှစ်] ခွင့်ပန်ကြားခြင်း အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ရဲ့ (၉၁.၀၇)ရာခိုင်နှုန်းရှိပြီး ထက်ဝက်ကျော်ဦးရေ တက်ရောက်တဲ့အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၁ နဲ့ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နဲ့ ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနဲ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာ ပါတယ်။ (သြဘာသံများ) အစည်းအဝေး အစီအစဉ် ဖြန့်ဝေထားကြောင်း တင်ပြခြင်းအချိန်၊ ၁၀း၀၆။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄ အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ရဲ့ ပထမနေ့ အစီအစဉ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အတိုင်း ကျင်းပပါမယ်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းအချိန်၊ ၁၀း၀၆။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၅)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(က)အရ ခွင့်ပန်ကြားလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိအတွက် အခြားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးကသော်လည်းကောင်း ခွင့်ပန်ကြားရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အစည်းအဝေး မတက်ရောက်နိုင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် ခွင့်ပန်ကြားဖို့ ဖြစ်ပါတယ်။အချိန်၊ ၁၀း၀၇။ ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)။ ။ လေးစားအပ် ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ ၁၈-၅-၂၀၁၇ ရက်နေ့မှာ အစည်းအဝေးသို့ တက်ရောက် နိုင်ခြင်းမရှိသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များရဲ့ကိုယ်စား စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ကျွန်တော် ဦးမောင်မောင်လတ် က ခွင့်ပန်ကြားသွားမှာ ဖြစ်ပါတယ်။ ယနေ့အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များမှာ ဦးသိမ်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၊ ဧရာဝတီတိုင်းဒေသကြီးသို့ ကွင်းဆင်းစိစစ်လေ့လာရန်။ ဦးဖြေရယ်(ခ)ဦးမြင့်သန်းထွန်း၊ ကယားြပည်နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ၎င်းအတိုင်း။ ဦးစောချစ်ဦး၊ ကရင်ြပည်နယ် မဲဆန္ဒနယ်အမှတ်(၃)၊ ၎င်းအတိုင်း။ ဦးဝင်းအောင်၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၊ ၎င်းအတိုင်း။ ဒေါက်တာမိုးမြင့်အောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၊ ၎င်းအတိုင်း။ ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၊ ၎င်း အတိုင်း။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၊ ၎င်းအတိုင်း။ ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၊ ၎င်းအတိုင်း။ ဦးကျော်သန်း၊ ကယားြပည်နယ် မဲဆန္ဒနယ် အမှတ်(၈)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးညီစိန်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၊ ြပည်ပခရီးစဥ်။ ဦးအေးမင်းဟန်၊ မွန်ြပည်နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်ပခရီးစဥ်။ ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၊ ၎င်းအတိုင်း။ ဦးကျော်ကျော်၊ ရခိုင်ြပည်နယ် မဲဆန္ဒနယ်အမှတ်(၄)၊ ၎င်းအတိုင်း။ ဒေါက်တာမြတ်ဉာဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၊ ြပည်ပခရီးစဥ်။ ဦးစိုင်း၀မ်းလှိုင်းခမ်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၊ ဖခင်ဖြစ်သူ ကျန်းမာရေး။ ဦးခွန်သိန်းဖေ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်။ ဦးကျော်သန်း၊ ရခိုင်ြပည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၊ ကိုယ်တိုင်ဆောင်ရွက်ရန်။ ဒေါ်ရှီလာနန်တောင်(ခ) အမ်နန်တောင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ၎င်းအတိုင်းနှင့် ဒေါ်ခင်ဆွေလွင်၊ ချင်းြပည်နယ် မဲဆန္ဒနယ်အမှတ်(၉)၊ ၎င်းအတိုင်းတို့ ဖြစ်ကြပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက် ယနေ့ခွင့်ပန်ကြားသူ (၂၀)ဦး ဖြစ်ပါတယ်။ ခွင့်မဲ့ပျက်ကွက်သူ မရှိပါကြောင်းနှင့် ယနေ့ ခွင့်ပန်ကြားသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို လွှတ်တော်က ခွင့်အဖြစ်သတ်မှတ် ခွင့်ပြုပေးနိုင်ပါရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ လေးစားစွာဖြင့် တင်ပြ အပ်ပါတယ် ခင်ဗျား။ အချိန်၊ ၁၀း၀၉။ ဥက္ကဋ္ဌ။ ။ ယခု ခွင့်ပန်ကြားချက်များကို ခွင့်ပြုဖို့ လွှတ်တော်က သဘောတူပါသလား ခင်ဗျား။ [သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သေဘာတူပါသည်။] သဘောတူတဲ့အတွက် ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်းကြေညာ ပါတယ်။ (သြဘာသံများ)အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အြေခအနေကို မှတ်တမ်းတင်ခြင်းအချိန်၊ ၁၀း၀၉။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ကို တက်ရောက်ခွင့်ရှိတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ (၂၂၄)ဦး၊ ယနေ့ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ (၂၀)ဦး ဖြစ်ပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိပါ။ ၂၀၁၇ ခုနှစ်] နှုတ်ခွန်းဆက်စကား ပြောကြားခြင်း ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ)အရ ယခု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှု အခြေအနေ တင်ပြချက်ကို လွှတ်တော်ရဲ့ အတည်ပြုချက် ရယူပါမယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှု အြေခအနေ တင်ြပချက်ကို လွှတ်တော်က အတည်ပြုပါသလား ခင်ဗျား။ [သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က အတည်ပြုပါသည်။] ဥက္ကဋ္ဌ။ ။ လွှတ်တော်က အတည်ပြုတဲ့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြု မှတ်တမ်းတင် ကြောင်း ကြေညာပါတယ်။(သြဘာသံများ)အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်းအချိန်၊ ၁၀း၁၁။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၆)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေ အသီးသီးမှာ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို နားထောင်ခဲ့ကြ၊ ကွင်းဆင်းလေ့လာခဲ့ကြပြီး ဖြစ်လိမ့်မယ်လို့ ယုံကြည် ပါတယ်။ အဲဒီလို ပြည်သူတွေရဲ့ လိုလားချက်ဆန္ဒနဲ့ အခက်အခဲတွေကို အကောင်အထည်ဖော်နိုင်ရေး အတွက် လွှတ်တော်အတွင်းမှာ မေးခွန်း မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေပြုခြင်း လုပ်ငန်းများ အပြင် သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမယ့် ကော်မတီလုပ်ငန်းများနဲ့ ဆက်စပ် ဆောင်ရွက်ရာမှာ ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အကြောင်း ပြောကြားရင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ ပြည့်စုံပြီး မဲဆန္ဒရှင် ပြည်သူများအကျိုး၊ နိုင်ငံ့အကျိုးအတွက် သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၀င်များက ဖြေကြားခြင်းအချိန်၊ ၁၀း၁၂။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၇)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားတဲ့ ကြယ်ပွင့်ပြထားတဲ့ မေးခွန်းတွေကို မေးမြန််းခြင်းနဲ့ ဖြေကြားခြင်း အစီအစဉ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယခု လွှတ်တော်ကိုယ်စားလှယ်ငါးဦး မေးမြန်းမယ့် မေးခွန်းများဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တစ်ဦးတည်းက ဖြေကြားမယ့် မေးခွန်းများ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာမေးခွန်းတွေကို တစ်ဆက်တည်း မေးမြန်းပြီးမှ ပြည်ထောင်စု ဝန်ကြီးက တစ်ခုချင်း ဖြေကြားပေးဖို့ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက်ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကု - မကျည်းတိုက်နယ်၊ စကုကျွန်း၊ မြို့နယ်ကုသရေးဦးစီးဌာန လက်အောက်ရှိ စကုတိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဆရာဝန်နေရာ၌ အမြဲတမ်းတာဝန် ထမ်းဆောင်ရန် ဆရာဝန်တစ်ဦး အမြန်ဆုံး ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း အချိန်၊ ၁၀း၁၃။ ဥက္ကဋ္ဌ။ ။ ပထမဦးစွာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ က ရခိုင် ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကု-မကျည်းတိုက်နယ်၊ စကုကျွန်း၊ မြို့နယ်ကုသရေးဦးစီးဌာန လက်အောက်ရှိ စကုတိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဆရာဝန်နေရာ၌ အမြဲတမ်း တာဝန်ထမ်းဆောင်ရန် ဆရာဝန်တစ်ဦး အမြန်ဆုံး ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါ တယ်။အချိန်၊ ၁၀း၁၃။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)။ ။ လေးစားရပါတဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး မင်္ဂလာပါရှင်။ လေးစားရပါတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မ မဲဆန္ဒနယ်ဖြစ်တဲ့ စကုကျွန်း ဟာ ရမ်းဗြဲကျွန်းမှာ တည်ရှိြပီးတော့ သီးခြားကျွန်းငယ်တစ်ခုဖြစ်ပါတယ်။ အနီးစပ်ဆုံး မြို့နယ်များ ကတော့ တောင်ကုတ်မြို့နယ်၊ မာန်အောင်ကျွန်းကနေ ပြီးတော့ ရမ်းဗြဲမြို့နယ် ဖြစ်ပါတယ်။ အိမ်ခြေ ပေါင်း (၁၀၀၀)ကျော်ရှိြပီးတော့ လူဦးရေပေါင်း (၄၇၀၀)ကျော်နေကြတဲ့ ရေခြားမြေခြား ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ ကျေးရွာအုပ်စု(၂)စုရှိြပီးတော့ ရွာပေါင်း(၈)ရွာရှိပါတယ်။ အဲဒီရွာပေါင်း(၈)ရွာကို ကျွန်မက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတုန်းက သွားပြီးတော့ လေ့လာခဲ့တဲ့အခါမှာတော့ အခုထက်ထိနေပြီးတော့ ကျွန်မတို့ ကျွန်းပတ်လမ်းဆိုတာနဲ့ အလှမ်းကွာဝေးဆဲဖြစ်ြပီးတော့ ခြေလျင်သွားရဆဲ ဖြစ်ပါတယ်။ တောလမ်း၊ တောင်လမ်းကိုလည်းပဲ ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ စီးပွားရေးကြောင့်ပဲဖြစ်ဖြစ် လူတိုင်းက ခြေလျင်နဲ့ပဲ အများဆုံးသွားလာနေတဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတယ်ဆိုတဲ့ စကားလုံးထက် အများကြီး ကျန်နေခဲ့တဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ စကုတိုက်နယ်ဆေးရုံဟာဆိုလို့ရှိရင် ၂၀၁၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က စတင်ဖွင့်လှစ် ြပီးတော့ ခုတင်(၁၆)ခုတင်ဆံ့ဆေးရုံတစ်ရုံ ဖြစ်ပါတယ်။ ပထမစဖွင့်တဲ့ နှစ်များမှာဆိုလို့ရှိရင် ခုတင် အသုံးချရာခိုင်နှုန်း အပြည့်ရှိကြောင်း လေ့လာသိရှိရပါတယ်။ အဲဒီဆေးရုံဟာဆိုလို့ရှိရင် ၂၀၁၀ ခုနှစ်၊ မတ်လမှာ စပြီးတော့ ဖွင့်လှစ်ခဲ့ပေမယ့် အောက်တိုဘာလရောက်တဲ့အခါမှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ အထိ ဆရာဝန်(၁)ဦး၊ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကနေပြီးတော့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအထိ ဆရာဝန် (၁)ဦးနှင့် အခုအချိန်အထိ ၂၀၁၅ ခုနှစ် နောက်ပိုင်းဆိုလို့ရှိရင်တော့ ဆရာဝန် ဒီမှာနေပြီးတော့ တာဝန် ထမ်းဆောင်တာ မရှိခဲ့ပါ။ ဒါနဲ့ပတ်သက်ြပီးတော့ အနီးစပ်ဆုံး ခုနှစ်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျန်းမာရေးကို အကြောင်းြပပြီးတော့ များသောအားဖြင့် အနီးစပ်ဆုံးဆေးရုံ တိုက်နယ် ဆေးရုံဆိုလို့ရှိရင်တော့ ကျောက်နီမော်ကို သွားရပါတယ်။ အကွာအေဝးကနေပြီးတော့ စက်လှေနှင့် သွားလို့ရှိရင် (၁)နာရီကျော်ခန့် ကြာပါတယ်။ ဒါပေမဲ့ ဒေသခံအများစုဟာ ကျောက်နီမော်ဆေးရုံကို သွားတာထက် တောင်ကုတ်ဆေးရုံကိုသွားတာ များပါတယ်။ ၂၀၁၇ ခုနှစ်] မေးမြန်းခြင်း ဒီ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတုန်းက Case ဆိုလို့ရှိရင် အမျိုးသမီး(၆)ဦး ဆုံးပါးခဲ့တဲ့ စက်လှေမှောက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ကျန်းမာရေးကြောင့် (၄)ဦးပါပါတယ်။ တက္ကသိုလ် ကျောင်းသူ(၁)ဦးပါတယ်။ (၁၀)တန်းကျောင်းသူ(၂)ဦး ပါပါတယ်။ တက္ကသိုလ်ကျောင်းသူကတော့ ရန်ကုန်မှာ ဆေးလာကုပါတယ်။ သူတို့က ပိုက်ဆံရှိလို့ ရန်ကုန်ကို ဆေးသွားကုတာ မဟုတ်ပါဘူး။ ရမ်းဗြဲမြို့နယ်မှာ သူတို့ရောဂါကို ကုနိုင်တဲ့ဆရာဝန် မရှိတာကြောင့် တစ်ကြောင်း၊ သူတို့ကိုယ်တိုင်က လူနာရှင်က ရန်ကုန်ကိုသွားြပီး ကုချင်တာက တစ်ကြောင်း ဒါတွေလည်းပါတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့တွေသည် ဒီ ကျန်းမာရေး အကြောင်းြပပြီးတော့ သွားနေရတဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် လည်း ကျန်းမာရေးတစ်ခုတည်းကြောင့် အသက်ဆုံးရှုံးတာမဟုတ်ပဲ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့်လည်းပဲ အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ နောက်တစ်ခုက ကျွန်မတို့ လေ့လာကြည့်လိုက်တဲ့အခါမှာ ဆရာဝန်တစ်ဦးနှင့် တစ်ဦး အြေပာင်းအရွှေ့ကြား မူဝါဒကို ဝန်ကြီးအဆင်ြေပမယ် ဆိုလို့ရှိရင်တော့ ဖြေကြားစေချင်ပါတယ်။ ကျွန်မ ရဲ့ မေးခွန်းမှာ မပါပေမယ့် ဘာဖြစ်လို့လဲဆိုတော့ လေ့လာကြည့်လိုက်တဲ့အခါမှာ ဆရာဝန်တစ်ဦးနဲ့ တစ်ဦး အပြောင်းအရွှေ့ တစ်နှစ်ကျော် ကြာပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဆရာဝန်လုံးဝ မရှိခဲ့ဘူး။ ၂၀၁၆ ခုနှစ်မှာ တစ်နှစ်လုံး ဆရာဝန်လုံးဝ မရှိခဲ့ဘူး။ ဒါကြောင့်မို့လို့ ဒီ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလကနေ အခု ထက်ထိ စကုကျွန်းပြည်သူများကနေပြီး ဆရာဝန်မရှိဘဲနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ရမ်းဗြဲ၊ စကုမကျည်းတိုက်နယ်မှာ မြို့နယ်ကုသရေးဦးစီးလက်အောက်ရှိ စကုတိုက်နယ်ဆေးရုံမှာ ယနေ့အထိ လစ်လပ်နေတဲ့ ဆရာဝန်တွေအား ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အမြဲတမ်းနေပြီးတော့ တာဝန်ထမ်းဆောင်ရန် အမြန်ဆုံး ခန့်ထားပေးရန် အစီအစဥ် ရှိ/မရှိ ြပည်သူများကိုယ်စား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်း ဖြစ်ပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။ကချင်ပြည်နယ်ရှိ ချီဖွေမြို့နယ်၊ ဆာဒူလောအုပ်စု၊ ဘဝူခူးကျေးရွာ၊ ငွါးဖခါးအုပ်စု၊ ငွါးဖခါးကျေးရွာ၊ ထန်းဒုန်အုပ်စု၊ ထန်းဒုန်ကျေးရွာ၊ ကူလာအုပ်စု၊ ကူလာကျေးရွာများတွင် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် ကန်းဖန့်ကျေးရွာအုပ်စု၊ ကန်းဖန့်ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအချိန်၊ ၁၀း၁၆။ ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးယောနာ က ကချင် ပြည်နယ်ရှိ ချီဖွေမြို့နယ်၊ ဆာဒူလောအုပ်စု၊ ဘဝူခူးကျေးရွာ၊ ငွါးဖခါးအုပ်စု၊ ငွါးဖခါးကျေးရွာ၊ ထန်းဒုန် အုပ်စု၊ ထန်းဒုန်ကျေးရွာ၊ ကူလာအုပ်စု၊ ကူလာကျေးရွာများတွင် ကျေးလက်ကျန်းမာရေး ဆေးပေးခန်း များ ဖွင့်လှစ်ပေးရန်နှင့် ကန်းဖန့်ကျေးရွာအုပ်စု၊ ကန်းဖန့်ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးပေး ခန်းကို ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက်အချိန်၊ ၁၀း၁၇။ ဦးယောနာ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)။ ။ လေးစားရပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ စိတ်၏ချမ်းသာခြင်းနှင့် ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးယောနာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အမှတ်(၅)မဲဆန္ဒနယ်သည် ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်အနီး ပန်ဝါမြို့၊ လေးမြို့နယ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ထိုမြို့များသည် တောင်ပေါ်ဒေသဖြစ်၍ မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းတွင်ရှိသော မြို့များနှင့်မတူ လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲသော မြို့နယ်များ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးလည်း အဘက်ဘက်မှ အလွန်ခက်ခဲသော၊ အလွန်နောက်ကျခဲ့သော မြို့နယ်များ ဖြစ်ပါ သည်။ ထို့ကြောင့် မိမိမဲဆန္ဒနယ်ရှိ ဒေသခံ တိုင်းရင်းသားပြည်သူလူထုများသည် အထူးသဖြင့် ကျန်းမာရေး တစ်စုံတစ်ရာဖြစ်ခဲ့လျှင် ဆေးကုသခံယူရန် အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။ ချီဖွေမြို့ရှိ ဆေးရုံသို့ သွားရောက်ဆေးကုသခံယူရန် မိုင်(၈၀)ကျော် ကွာဝေးပြီး ရာသီဥတုဆိုးဝါးခြင်း များကြောင့် တောင်ပြိုကျခြင်း၊ လမ်းပိတ်ဆို့မှုကြောင့် လူနာများအတွက် အချိန်မီဆေးကုသ မခံယူ နိုင်သောကြောင့် အသက်အန္တရာယ်ဆုံးရှုံးခြင်း များစွာကြုံတွေ့နေရပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါ ကျေးရွာအုပ်စုများမှာ (က) ဆာဒူလောအုပ်စု၊ ဘဝူခူးကျေးရွာ၊ ငွါးဖခါးအုပ်စု၊ ငွါးဖခါးကျေးရွာ၊ ထန်းဒုန်အုပ်စု၊ ထန်းဒုန်ကျေးရွာ၊ ကူလာအုပ်စု၊ ကူလာကျေးရွာများ တွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်း ဖွင့်လှစ်ပေးရန်နှင့် လမ်းလေးခွဆုံသည့် ကန်းဖန့်ကျေးရွာရှိ ကျန်းမာရေးဆေးပေးခန်းကို ကျန်းမာရေးဌာနခွဲတိုးမြှင့်ပေးရန် အစီအစဥ် ရှိ/မရှိ ပြည်သူ့လူထု ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မေးမြန်းအပ်ပါသည်။ အားလုံးကျေးဇူးတင်ပါတယ်။မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အပါအဝင် နိုင်ငံတော်တစ်ဝန်း ပြည်သူ့ဆေးရုံများရှိ သွားဘက်ဆိုင်ရာဌာနများတွင် လိုအပ်လျက်ရှိသော Dental Nurse ထပ်မံ ခေါ်ယူခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့့်် မေးခွန်းအချိန်၊ ၁၀း၂၀။ ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ က မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အပါအဝင် နိုင်ငံတော်တစ်ဝန်း ပြည်သူ့ဆေးရုံများရှိ သွားဘက် ဆိုင်ရာဌာနများတွင် လိုအပ်လျက်ရှိသော Dental Nurse ထပ်မံ ခေါ်ယူခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] မေးမြန်းခြင်း အချိန်၊ ၁၀း၂၀။ ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)။ ။ မင်္ဂလာပါရှင်။ လေးစားအပ် ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ြပည်ထောင်စု ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် နိုင်ငံသူ၊ နိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင်။ ကျွန်မကတော့ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ ြဖစ်ပါတယ်။ ကျွန်မအနေနဲ့ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ဘီးလင်းမြို့နယ်အပါအဝင် နိုင်ငံတော်တစ်ဝန်း ပြည်သူ့ဆေးရုံများမှာရှိတဲ့ သွားဘက်ဆိုင်ရာ ဌာနများမှာ လိုအပ်လျက်ရှိတဲ့ Dental Nurse များ ထပ်မံခေါ်ယူ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါတယ်။ လေစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ နိုင်ငံတစ်ဝန်းရှိ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံများမှာ သွားဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ ရှိပေမယ့် အေထာက်အကူပြုမယ့် သွားဘက်ဆိုင် ရာသူနာပြုများ များစွာလိုအပ်လျက်ရှိပါတယ်။ သွားဘက်ဆိုင်ရာကုသရေးဖြစ်တဲ့အတွက် အခြားဌာန များမှ သူနာပြုများကလည်း ဝင်ရောက်ကူညီပေးဖို့ မဖြစ်နိုင်ပါဘူး။ သွားဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းဟာ အခြားကျန်းမာရေးစောင့်ရှောက်မှုနည်းတူ ပြည်သူများအတွက် အရေးကြီး တဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု တစ်ရပ်ဖြစ်တာနဲ့အညီ ဆရာဝန်၊ ဆရာမ ပြည့်စုံစွာထားရှိ စောင့်ရှောက်မှုပေးနိုင်ရန်အတွက်လည်းကောင်း၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိ စေရန်အတွက်လည်းကောင်း နိုင်ငံတော်မှ လုံလောက်သော သွားဘက်ဆိုင်ရာ ဆရာဝန်၊ ဆရာမများကို ခန့်အပ်တာဝန်ပေးနိုင်စေဖို့အတွက် သွားဘက်ဆိုင်ရာဌာနများမှ လိုအပ်လျက်ရှိတဲ့ Dental Nurse များ၊ ဆရာဝန်များ ထပ်မံခေါ်ယူ ခန့်ထားပေးမယ့် အစီအစဥ် ရှိ/မရှိနှင့် ရှိပါက မည်သို့စီစဥ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း ပြည်သူများကိုယ်စား မေးမြန်းရခြင်းဖြစ်ပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်ရှင်။ (သြဘာသံများ)ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ သရက်တပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အအုံနှင့် ဒုက္ကံချောင်းကျေးရွာ၊ ရွှေပြည်ကျေးရွာ၊ နာဂရာကျေးရွာ၊ စပါးဆိပ်(သရီ)၊ စဖိုသားကျေးရွာ၊ ကျောက်တန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အအုံ များကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့့်် မေးခွန်းအချိန်၊ ၁၀း၂၂။ ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင် က ရခိုင် ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ သရက်တပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန စံကိုက် အဆောက်အအုံနှင့် ဒုက္ကံချောင်းကျေးရွာ၊ ရွှေပြည်ကျေးရွာ၊ နာဂရာ ကျေးရွာ၊ စပါးဆိပ် (သရီ)၊ စဖိုသားကျေးရွာ၊ ကျောက်တန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အအုံ များကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက်အချိန်၊ ၁၀း၂၂။ ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)။ ။ လေးစားအပ်ပါတဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီး၊ ြပည်ထောင်စုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ဦးစွာပထမ သာလီစွပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင် ဖြစ်ပါတယ်။ ဒီနေ့ ပဉ္စမပုံမှန်အစည်းအဝေး ပထမ နေ့မှာ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို စုံစုံညီညီနဲ့ ကျန်းမာစွာ တွေ့ရတဲ့အတွက်၊ ပြန်လည် ဆုံတွေ့ရတဲ့ အတွက်လည်း ဝမ်းသာကြည်နူးမိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုကို ကြယ်ပွင့်ပြမေးခွန်း မေးမြန်းသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့် မဲဆန္ဒနယ်၊ ကျောက်တော်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ မြို့ပေါ်တွင် ခုတင်(၅၀)ဆံ့ ဆေးရုံ(၁)ရုံ နှင့် ကျေးလက်တွင် တိုက်နယ်ဆေးရုံ(၂)ရုံ ရှိပါတယ်။ ြပည်သူ့ကျန်းမာဦးစီးဌာနအနေနဲ့ ကျေးလက် ကျန်းမာရေးဌာန(၆)ခု၊ ကျန်းမာရေးဌာနခွဲ(၃၃)ခုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ ဒီနှစ်ထဲမှာ ကျွန်တော့်မေးခွန်း မေးမြန်းမှုအပေါ်မှာ ကျန်းမာရေးဌာန(၂)ခု၊ ဌာနခွဲ (၃)ခုကို အသစ်ထပ်မံ တိုးချဲ့ဖွင့်လှစ်ပေးမယ်လို့လည်း အာမခံကတိ ရထားတာရှိပါတယ်။ ကျေးလက် ကျန်းမာရေးဌာန(၆)ခုတွင် စံကိုက်အဆောက်အအုံအနေဖြင့် ၂၀၁၆-၂၀၁၇ တွင် ဘဏ္ဍာရေးနှစ်၏ ခွင့်ပြုချက်အရ ဝဲကြီးထောင့်ကျေးရွာမှာ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ ကျန် ကျန်းမာရေး ဌာန အဆောက်အအုံများမှာ မိမိကျေးရွာမှ ကိုယ်ထူကိုယ်ထ အဆောက်အအုံများနှင့် NGO များမှ ဆောက်လုပ်လှူဒါန်းတဲ့ သာမန်အဆောက်အအုံများအဖြစ်သာ ကျန်းမာရေးဆောင်ရွက်နေကြောင်း သိရ ပါတယ်ခင်ဗျာ။ သရက်တပင်ကျေးရွာမှာ လူဦးရေအားဖြင့် (၅၆၁၁)ဦးရှိပြီး ကျေးလက်ကျန်းမာရေး ဌာနကို ၁၉၇၇ ခုနှစ်ကပင် ဖွင့်လှစ်ခွင့် ရရှိခဲ့ပြီးဖြစ်ပါတယ်။ သရက်တပင် ကျန်းမာရေးဌာနအောက်တွင် ဌာနခွဲ(၉)ခု ဖွင့်လှစ်ထားပါတယ်။ အဆောက်အအုံမှာ ၁၉၉၂ ခုနှစ်ကပင် ACS အဖွဲ့က ဆောက်လုပ် လှူဒါန်းခဲ့တဲ့ အဆောက်အအုံ ဖြစ်ပါတယ်။ အခုအချိန်မှာ အဆိုပါအေဆာက်အအုံမှာ ဟောင်းနွမ်းနေ ပြီး ပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်နေပြီဖြစ်ပါတယ်။ ကျေးလက်ကျန်းမာရေးဌာနခွဲအနေဖြင့် ဌာနခွဲ (၃၃)ခုတွင် စံကိုက်အဆောက်အအုံအနေဖြင့် ကျေးရွာ(၂)ရွာမှာပဲ ရှိနေတာတွေ့ရပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ခွင့်ပြုချက်အရ ယွန်းချောင်းကျေးရွာနှင့် ဇင်းခါးချေကျေးရွာ (၂)ရွာတွင် အသစ်ဆောက်လုပ်နေကြောင်း သိရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း ရောင်စုံ ကျေးရွာ၊ နဂါးပေါင်းကျေးရွာ၊ ဖော့စုံကျေးရွာတို့တွင် ဆောက်လုပ်ပေးမယ်လို့ ဘဏ္ဍာငွေပါလာတာ တွေ့ရပါတယ်။ အခု ကျွန်တော်မေးတဲ့ မေးခွန်းမှာပါတဲ့ ဒုက္ကံချောင်းကျေးရွာ၊ ရွှေပြည်ကျေးရွာ၊ နာဂရာ ကျေးရွာ၊ စပါးဆိပ်(သရီ)ကျေးရွာ၊ စဖိုသားကျေးရွာ၊ ကျောက်တန်းကျေးရွာများတွင် အဆောက်အအုံ လုံးဝမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေတဲ့ ကျေးရွာများဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] မေးမြန်းခြင်း ကျွန်တော်တို့မြို့နယ်တွင် လမ်းပန်းဆက်သွယ်ေရး ကောင်းမွန်မှုမရှိခြင်း၊ ကျေးရွာတစ်ရွာနှင့် တစ်ရွာကို ရေလမ်းကြောင်းကိုပဲ အထူးပြုသွားလာနေရခြင်း၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုအပ်ချက် ရှိပါက သူနာပြုဆရာမ၊ သားဖွားဆရာမများရှိတဲ့ ကျေးရွာများကို သွားလာရတာခက်ခဲခြင်း၊ လိုက်ရှာ ရတာမလွယ်ကူခြင်း၊ ကျန်းမာရေးဌာန၊ ဌာနခွဲများ ရှိပြန်သော်လည်း အဆောက်အအုံနှင့် ပတ်သက်ပြီး သတ်သတ်မှတ်မှတ် မရှိတဲ့အတွက် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝမပေး နိုင်တဲ့ အချက်တစ်ချက်လို့ ကျွန်တော်ထင်မိပါတယ်။ ပြည်သူပြည်သားများအတွက် ကျန်းမာရေး အပြည့်အဝ စောင့်ရှောက်ပေးနိုင်ရေး ရည်မှန်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် ပြည်သူ များ ကိုယ်စား အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျောက်တော်မြို့နယ်တွင် သရက်တပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန စံကိုက် အဆောက်အအုံနှင့် ဒုက္ကံချောင်းကျေးရွာ၊ ရွှေပြည်ကျေးရွာ၊ နာဂရာကျေးရွာ၊ စပါးဆိပ်(သရီ)ကျေးရွာ၊ စဖိုသားကျေးရွာ၊ ကျောက်တန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အအုံ ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးနိုင်ရန် အစီအစဥ် ရှိ/မရှိ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးြမန်းအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အိုးသည် ကျေးရွာအုပ်စု၊ အိုးသည်အရှေ့ကုန်းရွာ၌ ကျေးလက် ကျန်းမာရေးဆေးခန်း အဆောက်အအုံသစ်နှင့် ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ(အသစ်)တို့ကို နိုင်ငံတော်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချထား ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းအချိန်၊ ၁၀း၂၆။ ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင် က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အိုးသည် ကျေးရွာအုပ်စု၊ အိုးသည်အရှေ့ကုန်းရွာ၌ ကျေးလက် ကျန်းမာရေး ဆေးခန်းအဆောက်အအုံသစ်နှင့် ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ(အသစ်)တို့ကို နိုင်ငံတော်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချထား ပေးရန် အစီအစဉ် ရှိ/မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းဖို့ ဖြစ်ပါတယ်။အချိန်၊ ၁၀း၂၇။ ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး၊ ြပည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အပေါင်း မင်္ဂလာပါ။ ကျွန်တော် မေးြမန်းမယ့်မေးခွန်းကတော့ စလင်းမြို့နယ်၊ အိုးသည်ကျေးရွာအုပ်စု၊ အိုးသည် အရှေ့ကုန်းရွာ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားတဲ့ ဆေးခန်းမှာ ဟောင်းနွမ်းဆွေးမြေ့နေပြီး နိုင်ငံတော်မှ ကျေးလက်ကျန်းမာရေး ဆေးခန်းအဆောက်အအုံအသစ် ဆေးခန်းဆောက်လုပ်ပေးရန် အစီအစဥ် ရှိ/မရှိနှင့် စလင်းမြို့နယ်၊ ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန်ကျေးရွာအား ကျေးလက် ကျန်းမာရေးဌာနခွဲ (အသစ်) ဖွင့်လှစ်ပေးရန် အစီအစဥ် ရှိ/မရှိနဲ့ ပတ်သက်တဲ့မေးခွန်း ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက် မေးြမန်းရတဲ့ အကြောင်းအရင်းကတော့ စလင်းမြို့နယ်၊ အိုးသည်ကျေးရွာအုပ်စု ပတ်လည် မှာ ကျေးရွာအုပ်စု(၂)အုပ်စုနဲ့ အိုးသည်ကျေးရွာအုပ်စုမှ ရွာခွဲများ ပါဝင်လို့ရှိရင် ကျေးရွာခွဲ(၁၄)ရွာမှာ အိမ်ထောင်စု(၁၃၃၉)စု၊ လူဦးရေအားဖြင့် (၅၄၇၇)ဦး ရှိကြပါတယ်။ စလင်းချောင်းရဲ့ မြောက်ဘက်ခြမ်း မှာတည်ရှိပြီး မိုးတွင်းကာလများမှာ စလင်းပြည်သူ့ဆေးရုံနှင့် လင်းဇင်းတိုက်နယ်ဆေးရုံသို့ သွားလာ ရာမှာ လွန်စွာမှ ခက်ခဲတဲ့ဒေများဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ မီးဖွားရာတွင် အခက်အခဲ တွေ့ရှိရပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရပါတယ်။ အလားတူပဲ ပျိုးခင်းကုန်းကျေးရွာအုပ်စုက ဧရာဝတီမြစ်ရေ စီးဝင်နေရာဖြစ်တဲ့အတွက် မိုးတွင်းကာလမှာ သွားလာရေး ခက်ခဲပါတယ်ခင်ဗျာ။ ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန်ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ(အသစ်) ဖွင့်လှစ်ခွင့် ရရှိမယ်ဆိုလို့ရှိရင် အဆိုပါကျေးရွာနဲ့ နီးကပ်နေတဲ့ ကျေးရွာ(၇)ရွာ၊ အိမ်ခြေက(၅၇၁)အိမ်၊ လူဦးရေက(၂၉၁၀)ဦးအတွက် ကျန်းမာရေး အထောက်အကူ များ များစွာအကျိုးခံစားခွင့်ရှိမယ် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စလင်းမြို့နယ် ကျန်းမာရေးဦးစီး ဌာနက ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန်ကေျးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ(အသစ်) ဖွင့်လှစ်ခွင့်ရရှိရန် အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါတယ် ခင်ဗျား။ လေးစားအပ်သော ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးြမန်းလိုသည်မှာ စလင်းမြို့နယ်၊ အိုးသည် ကျေးရွာအုပ်စု၊ အိုးသည်အရှေ့ကုန်းရွာ၌ နိုင်ငံတော်မှ ကျေးလက်ကျန်းမာရေးဌာန၊ ဆေးပေးခန်း အဆောက်အအုံအသစ်နဲ့ ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန််ကျေးရွာမှာ ကျေးလက်ကျန်းမာရေး ဌာန (အသစ်)တို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ချထားပေးရန် အစီအစဥ် ရှိ/မရှိနှင့် မရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အများပြည်သူရဲ့ကိုယ်စား သိရှိိလိုပါ၍ မေးမြန်းအပ်ပါ တယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ) အချိန်၊ ၁၀း၃၀။ ဥက္ကဋ္ဌ။ ။ မေးခွန်းများနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တစ်ခုချင်း ဖြေကြားပေးဖို့ ဖြစ်ပါတယ်။ဖြေကြားချက်အချိန်၊ ၁၀း၃၀။ ဒေါက်တာမြင့်ထွေး(ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုတောင်းအပ် ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကု-မကျည်းတိုက်နယ်၊ စကုကျွန်း၊ မြို့နယ်ကုသရေးဦးစီးဌာနလက်အောက်ရှိ စကုတိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဆရာဝန် နေရာ၌ အမြဲတမ်းတာဝန်ထမ်းဆောင်နိုင်ရန် ဆရာဝန်တစ်ဦး အမြန်ဆုံးခန့်ထားပေးရန် အစီအစဥ် ရှိ/မရှိနှင့် ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အတွင်းမှာ တိုက်နယ်ဆေးရုံ (၄၇)ရုံ ရှိပါတယ်။ အဲဒီ (၄၇)ရုံအတွင်းမှာ ကျွန်တော်တို့က (၁၅)ရုံမှာသာ လျှင် အမြဲတမ်းဆရာဝန်များ ခန့်ထားနိုင်ခြင်းမရှိဘဲ အလှည့်ကျဆရာဝန်များသာ ဆောင်ရွက်လျက် ရှိပါတယ်။ စကုတိုက်နယ်ဆေးရုံ ရမ်းဗြဲကျွန်းမြို့နယ်အနေဖြင့် လူဦးရေ(၄၀၀၀)ကျော်ကိုသာ လွှမ်းခြုံ ကုသမှုပေးရသော ဆေးရုံဖြစ်ပြီး ဆေးရုံခုတင်အသုံးပြုမှုမှာတော့ ပျှမ်းမျှ(၅)ရာခိုင်နှုန်းခန့်သာရှိပြီး ခွင့်ပြုဝန်ထမ်း(၁၉)ဦးတွင် (၁၂)ဦးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့ ကျန်းမာရေး နှင့် အားကစားဦးစီးဌာနအနေဖြင့် လူဦးရေ(၄၀၀၀)၊ (၅၀၀၀)ခန့်တွင် ဆရာဝန်(၁)ဦး ခန့်ထားနိုင်သော အင်အားကတော့ လောလောဆယ်တော့ မရှိသေးပါဘူး။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ကတော့ ဒီ ဆရာဝန်များ နောက်ထပ်(၁၇၀၀)ခန့်ဖို့အတွက်ကို အကုန်လုံး အဆင့်ဆင့်လုပ်တဲ့အခါမှာ နောက်ဆုံး အဆင့် အစိုးရအဖွဲ့ဆီကို ရောက်နေပါပြီ။ ဒီလို ၁၂ ရက်နေ့က ကျွန်တော်တို့ တင်ထားပါတယ်။ ဒါကျမယ်ဆိုရင် ကျွန်တော်တို့ ဆရာဝန် (၁၇၀၀)ဦးခန့်ဖို့ ရပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒီလိုဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော် ကြားထိုးဆရာဝန်ပေါ့။ Relieving ဆရာဝန်တွေကို ရခိုင်ပြည်နယ်မှာရှိတဲ့ ဆေးရုံကြီးတွေက နေပြီးတော့ (၃)လတစ်ကြိမ်၊ (၃)လတစ်ကြိမ် စေလွှတ်ပြီး တာဝန်ထမ်းဆောင်တယ် ဆိုတာကို တွေ့ရပါတယ်။ သို့သော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးပြောတဲ့အတိုင်း တစ်ဦးနဲ့ တစ်ဦး ကြားမှာ တစ်ခါတစ်လေ ပြတ်သွားတာရှိပါတယ်။ အဲဒီတော့ ဒါတွေကို မပြတ်သွားအောင် တစ်ဦးနဲ့ တစ်ဦး တာဝန်လွှဲပြောင်းရန်အတွက် နှစ်ရက်ပူးတွဲတာဝန် ထမ်းဆောင်ရန်အတွက် Overlap သုံးရက် ကို ခန့်ဖို့အနေနဲ့ ကျွန်တော်တို့က တိုင်းနှင့်ပြည်နယ် အားလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ် ဦးစီးမှူးတွေကို ဧပြီလ ၁၀ ရက်နေ့ ၂၀၁၇ ရက်နေ့က ညွှန်ကြားစာ ဝထရ-၂/၇-၂၀၁၇ (၁၇၄)ဖြင့် ထုတ်ပြီးဖြစ်ပါ တယ်။ ဒီကိစ္စမှာ ဆရာဝန်ပြတ်လပ်မှုကို ကျွန်တော်တို့က လုံးဝလက်မခံပါဘူး။ ကျွန်တော်တို့ ဆရာဝန် တစ်ဦးအနေနဲ့ ဒါကျင့်ဝတ်နဲ့လည်း မညီပါဘူး။ အဲဒီတော့ ဒီကိစ္စနှင့်ပတ်သက်ပြီးလည်း ကျွန်တော် ကိုယ်တိုင်ကတော့ ဒီ စကုပေါ့နော်။ ဒေါ်ထုမေ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်နယ်ကုသဦးစီးမှူးကိုလည်း ကျွန်တော်ကိုယ်တိုင် ကျွန်တော် ညွှန်ကြားရေးမှူးချုပ်ကတစ်ဆင့် ပြောခိုင်းပါမယ်။ ဒီလို ပြတ်လပ်မှုကို လုံးဝရှိဖို့ မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်မြေပုံမှာ ကြည့်တဲ့အခါကျတော့ စကုက သပ်သပ်အောက်မှာ ကျွန်းလေးပုံစံဖြစ်နေတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကိုလည်း ကျွန်တော့်အနေနဲ့ ဒါလျစ်လျူမရှုထား ပါဘူး။ တစ်ခုပဲရှိတာ။ ကျွန်တော် ဒီမှာတာဝန်ကျခဲ့တဲ့၊ ရမ်းဗြဲမှာ တာဝန်ကျခဲ့တဲ့ ဆရာဝန် အခု National Service Officer သူ့ကို ကျွန်တော် ဖုန်းဆက်ပြီး ကိုယ်တိုင်မေးပါတယ်။ မေးတဲ့အခါမှာ ဒီမှာ စကုမှာက တစ်ခါတစ်လေကျရင် သူတို့က လူက တော်တော်နည်းသွားပါတယ်။ ငါးသွားဖမ်းရင် နည်းလိုက်၊ များလိုက် ဖြစ်တဲ့အခါကျတော့ သူတို့ဘယ်လို ဆောင်ရွက်နေသလဲဆိုတော့ အဲဒီမှာ ဘုန်းကြီးကျောင်းရှိတယ် ပြောပါတယ်။ ဘုန်းကြီးကျောင်းဆရာတော်ကြီးက သူက ဖုန်းဆက်ရင်လာတယ် ပြောပါတယ်။ ဒါကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီမှာတော့ အမှန်အတိုင်းပြောရရင် ဦးစီးမှူးကို ကျွန်တော်ကိုယ်တိုင်ပဲ ဆက်ပါမယ်။ ဒီကိစ္စက ဒါမျိုးတော့ အဖြစ်မခံနိုင်ပါဘူး။ သူတို့ရဲ့ ကျန်းမာရေး။ တော်တော်ကိုဝေးပါတယ်။ ရေလမ်းခရီး နဲ့ ဒီမှာကြည့်တဲ့အခါမှာ သူတို့က ကျောက်ဖြူအထိသွားရတယ်။ တောင်ကုတ်အထိကို ဆင်းရပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက် ဒီဘက်က မာန်အောင်ကျွန်းကသွားဖို့က လှိုင်းကြီးတဲ့အတွက် များသောအားဖြင့် တောင်ကုတ် ကိုသွားတယ်ဆိုတာကို ဒါကို ကျွန်တော်သိရတဲ့အတွက် ဒါကို ကျွန်တော် အမြန်ဆုံး ဆောင်ရွက်ပေးပါ မယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခုတင်ပြချင်တာကတော့ ဒီမှာ ဆရာဝန်မရှိသော်လည်း ကျန်းမာရေးမှူး နဲ့ သူ့ သားဖွားဆရာမတော့ အမြဲရှိပါတယ်။ အဲဲဒီတော့ ကျွန်တော်တို့ ဘာသွားတွေ့ရသလဲဆိုတော့ ခက်ခဲတဲ့ဒေသတွေမှာ ဆရာဝန်တွေ တာဝန်ချလိုက်တဲ့အခါမှာ သူတို့ကမသွားဘဲနဲ့ အလုပ်ထွက် သွားတာမျိုးလည်း ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကို ပျောက်ဖို့ဆိုရင် ကျွန်တော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆရာဝန်နေဖို့ အိမ်တွေဆောက်လုပ်ပေးမယ်။ ကျွန်တော်မေးကြည့်တဲ့ အခါ ကျတော့ စကုမှာရှိတဲ့ ဆရာဝန်နေတဲ့ အိမ်က တော်တော်လေး အခြေအနေ အလွန်ဆိုးတယ်လို့ ပြောပါ တယ်။ မနေ့က ဖုန်းနဲ့ပြောတာ။ အဲဒီလိုဝန်ထမ်း နောက်အခြား Incentive တွေ နောက်သူတို့ Past Graduate ဘွဲ့လွန်သင်တန်းတွေ တက်တဲ့အခါမှာ အမှတ်ပိုပေးခြင်း၊ နောက်ပြီးတော့ သူတို့ တစ်နှစ် ဆိုရင် ကျွန်တော် တစ်နှစ်အတိအကျ၊ အခုချင်းပြည်နယ်မှာ အခုဆိုရင် တစ်နှစ်ပြည့်ရင် တစ်နှစ် ချက်ချင်း ပြန်ခေါ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ တချို့ကတော့ ပြောပါတယ်။ လျစ်လျူရှုတယ်။ ဒါပေမဲ့ လျစ်လျူရှု မခံတော့ပါဘူး။ တစ်နှစ်ပြည့် တစ်ယောက်ပြန်ခေါ်မယ်။ နောက်တစ်ယောက်သွားမယ်ဆိုရင် သူတို့က လိုလိုချင်ချင်နှင့် သွားမယ်ဖြစ်ပါတယ်။ နောက်တစ်ခုက အဲဒီလို ခက်ခဲတဲ့နေရာမှာ တစ်နှစ်ထမ်းဆောင် ပြီးလို့ရှိရင်လည်း သူတို့ကြိုက်တဲ့ နေရာ(၃)ခု ဦးစားပေးတောင်းပါတယ်။ အဲဒီထဲက (၉၅)ရာခိုင်နှုန်း အကြောင်းတွေမှာ သူတောင်းတဲ့ (၃)ခုမှာ တစ်ခုကိုအမြဲပေးပါတယ်။ ဒါမျိုးနဲ့ ကျွန်တော်တို့က incentive ဖြစ်ပါတယ်။ သို့မှသာလျှင် ဆရာဝန်တွေ သွားမယ်ဖြစ်ပါတယ်။ မဟုတ်လို့ရှိရင် ဆရာဝန် တွေက အလုပ်ထွက်သွားပါတယ်။ ဒီကိစ္စမှာ ကျွန်တော် အဆင်အပြေဆုံးနှင့် အတတ်နိုင်ဆုံးဖြစ်အောင် ကျွန်တော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ အား ပြောကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ ခင်ဗျား။ ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ် အမှတ်(၅)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးယောနာ ၏ ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားမှာ ဖြစ်ပါတယ်။ မေးခွန်းမှာကတော့ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဆာဒူလောအုပ်စု၊ ဘဝူခူးကျေးရွာ၊ ငွါးဖခါးကျေးရွာ၊ ထန်းဒုန်ကျေးရွာ၊ ကူလာကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် ကန်းဖန့်ကျေးရွာ ရှိ ကျေးလက်ကျန်းမာရေးဆေးခန်းကို ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ် အဆင့်မြှင့် တိုးမြှင့်ပေးရန် အစီအစဥ် ရှိ/မရှိနှင့် ပတ်သက်၍ ဖြေကြားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင်တိုက်နယ်ကျန်းမာရေးဌာန(၂)ခု၊ ကျေးလက် ကျန်းမာရေးဌာန(၁)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၉)ခု၊ မိခင်နှင့် ကလေးကျန်းမာရေး(၁)ခုနှင့် ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေးဝန်ထမ်း ဆေးရုံမပါပါဘူး။ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ အနေနဲ့ ကတော့ လက်ထောက်ကျန်းမာရေးမှူး(၁)ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ(၁)ဦး၊ သားဖွားဆရာမ (၁၄)ဦးဖြင့် ချီဖွေမြို့နယ်ရှိ စုစုပေါင်းလူဦးရေ (၁၇၀၀၀)ဦးအား ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးရုံကမပါသေးပါဘူး။ ဆရာဝန်၊ ဆရာမတွေ မပါသေး ပါဘူး။ ဒီမှာ မေးခွန်းမှာ မေးမြန်းထားတဲ့ ဘဝူခူးကျေးရွာကတော့ ကန်းဖန့်ကျေးလက်ကျန်းမာရေး ဌာနခွဲ နယ်မြေအတွင်းမှာတည်ရှိပြီးတော့ အိမ်ခြေ(၃၃)အိမ်၊ လူဦးရေ(၂၄၁)ဦးပဲ ရှိပါတယ်။ ငွါဖခါး ကျေးရွာကလည်း ကန်းဖန့်ကျေးလက်ကျန်းမာရေးဌာနခွဲ နယ်မြေအတွင်းမှာရှိပြီးတော့ အိမ်ခြေ(၄၀) အိမ်၊ လူဦးရေ(၂၄၅)ဦးပဲ ရှိပါတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း ကျွန်တော်တို့ ပြန်ကြည့်တဲ့အခါမှာ ဒီမှာ မေးခွန်းမှာ မေးထားတဲ့ ဘဝူခူးကျေးရွာနဲ့ ငွါးဖခါး ကျေးရွာမှာ လူဦးရေ အလွန်နည်းပါတယ်။ (၂)ခုပေါင်းလို့ရှိရင်။ သို့သော်လည်း ကျွန်တော်တို့ ၎င်း ကျေးရွာ(၂)ရွာအစား အဲဒီကျေးရွာ(၂)ရွာရဲ့ မြေပုံမှာ ကျွန်တော်တို့ ကြည့်တဲ့အခါမှာ အလယ်မှာ ရှိပါ တယ်။ ဒီအလယ်မှာ ဆာဒူေလာကျေးရွာ ဆိုတာရှိပါတယ်။ မြေပုံမှာ ကြည့်တဲ့အခါကျတော့။ ဒီ ဆာဒူလောကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်ပေးမယ်ဆိုလို့ရှိရင်တော့ ခု မေးခွန်းမှာပါတဲ့ ကျေးရွာ(၂)ရွာအပြင် ကျေးရွာပေါင်း(၃)ရွာ၊ အိမ်ခြေ(၁၂၃)အိမ်၊ လူဦးရေ(၈၂၃)ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံမှုပေးနိုင်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးနဲ့ ဆက်သွယ်ပါ တယ်။ ဒီတစ်ခါမှာ ဒီ ဆာဒူလောကျေးရွာသည် အဆိုပါ ကျေးရွာ(၂)ရွာကြားမှာ တည်ရှိတဲ့အတွက် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးမှလည်း ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန် သင့်လျော် ကြောင်း ထောက်ခံထားပါတယ်။ သို့ဖြစ်ပါ၍ ဆာဒူလောကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ဖို့ကိုတော့ ကျွန်တော်တို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့သို့ တင်ပြ စီစဥ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပထမ ဖြေကြားလိုပါတယ်။ ဒုတိယကတော့ မေးခွန်းမှာပါတဲ့ ထန်းဒုန်ကျေးရွာဟာ ဆိုလို့ရှိရင်တော့ ကျေးလက်ကျန်းမာ ရေးဌာနခွဲအဖြစ် သားဖွားဆရာမ(၁)ဦး၊ ပြည်သူ့ကျန်းမာရေး (ကြီးကြပ်-၂)(၁)ဦး စုစုပေါင်းဝန်ထမ်း (၂)ဦး ပါဝင်သောဖွဲ့စည်းပုံဖြင့် ကျန်းမာရေးဦးစီးဌာန၏ ၁၉-၆-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ကမဘ/ဃ-၁၁၁၈/၉၂ ဖြင့် ဖွဲ့စည်းပုံခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းလည်း ကျွန်တော်တင်ပြလိုပါတယ်။ ဒီနေရာမှာ သားဖွားဆရာမလည်း ရှိပါတယ် ခင်ဗျား။ မေးခွန်းမှာမေးထားတဲ့ ကူလာကျေးရွာသည် ထန်းဒုန်ကျေးလက်ကျန်းမာရေးဌာနခွဲ နယ်မြေအတွင်းတည်ရှိပြီး အိမ်ခြေ(၆၁)အိမ်၊ လူဦးရေ (၄၉၉)ဦး ရှိပြီး ထန်းဒုန်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် (၂)မိုင်သာ ဝေးပါတယ်။ ထန်းဒုန်ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် သားဖွားဆရာမ(၁)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပြီး နောက်ကျောက်ခင်း လမ်းဖြစ်ပြီးတော့ မော်တော်ကား၊ ဆိုင်ကယ်တို့ဖြင့် ရာသီမရွေး သွားလာနိုင်တဲ့နေရာလို့ သိရှိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှာ မေးမြန်းတဲ့အခါမှာလည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက မလိုအပ်ပါကြောင်း တင်ပြထားပါသဖြင့် ကူလာကျေးရွာ တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန် လောလောဆယ် အစီအစဥ်တော့ မရှိသေးကြောင်း ဖြေကြားအပ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက် နောက်မေးခွန်းတစ်ခုဖြစ်တဲ့ ကန်းဖန့်ကျေးလက်ကျန်းမာရေးဌာနခွဲကတော့ နုဇွန်ဘော် တိုက်နယ်ဆေးရုံနှင့် မိုင်(၃၀)ဝေးပြီး ခရီးကြာမြင့်ချိန်ကလည်း (၄)နာရီသွားရပါတယ်။ မိုးရာသီမှာ လည်း လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပါတယ်။ အဲဒီတော့ ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ခွင့် ရမယ်ဆိုလို့ရှိရင်တော့ ဤကျေးရွာအုပ်စု(၃)အုပ်စု၊ ကျေးရွာပေါင်း(၅)ရွာ၊ အိမ်ြေခ (၃၄၅)အိမ်၊ လူဦးရေ(၂၀၀၀)ကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှု၊ လွှမ်းခြုံမှုပေးနိုင်မှာဖြစ်ပါ တယ်။ လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ခက်ပါတယ်။ ကျေးလက်ကျန်းမာရေးဌာနအဖြစ် ကျွန်တော်တို့ အဆင့်မြှင့် ဖွင့်လှစ်ခွင့်ရမယ်ဆိုလို့ရှိရင်တော့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုလွှမ်းခြုံနိုင်မည်ဖြစ်တဲ့အတွက် နောက်တစ်ချက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ကလည်း ထောက်ခံထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကန်းဖန့်ကျေးလက် ကျန်းမာရေးဌာနခွဲ ကိုတော့ ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) အဖြစ်သို့ အဆင့်တိုးမြှင့်ဖို့အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ြေပာကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ နောက် ကျွန်တော် ဆက်လက် ြေဖပါမယ် ခင်ဗျား။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ ကျွန်တော့်အနေနဲ့ မွန်ပြည်နယ် အမှတ်(၁၂)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ ၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ြေဖကြားမှာ ဖြစ်ပါတယ်။ မေးခွန်းမှာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အပါအဝင် နိုင်ငံတော်တစ်ဝန်းရှိ ပြည်သူ့ဆေးရုံများရှိ သွားဘက်ဆိုင်ရာဌာန များတွင် လိုအပ်လျက်ရှိသော Dental Nurse ထပ်မံခေါ်ယူခန့်ထားပေးမည့် အစီအစဥ် ရှိ/မရှိနှင့် အခြား Dental ဆရာဝန်များ ဖြည့်စွက်ပေးခြင်း ကိစ္စနဲ့ပတ်သက်ပြီးတော့ မေးတဲ့မေးခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့မှာ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန (Human Resource for Health) ကနေပြီးတော့ Dental Nurse နဲ့ သွားသူနာပြုဒီပလိုမာ(၂)နှစ်သင်တန်းကို (၂)နှစ်တစ်ကြိမ် ကျွန်တော်တို့ ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်လှစ်ပြီး သင်တန်းသားများ ခေါ်လျက်ရှိပါတယ်။ ခုလောလောဆယ် (၄၂)ဦး တက်ရောက်လျက် ရှိပါ တယ်။ ဒီ(၄၂)ဦးကတော့ ၂၀၁၈ ဖေဖော်ဝါရီလမှာ သင်တန်းဆင်းမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ အြေခအနေပေါ်မူတည်ြပီး ကျွန်တော်တို့ သုံးသပ်ပြီးတော့ ခန့်ထားမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုတင်ပြချင်တာကတော့ ကျွန်တော်တို့အနေနဲ့ ဒီကုသရေးဦးစီးဌာနမှာ လက်ထောက်ဆရာဝန်(သွား) ရာထူးနေရာ ြဖည့်စွက်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေ နှင့် အထက်ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားတာ နောက်ဆုံးအဆင့်ဖြစ်နေပါပြီ။ Cabinet မှာ Approval လုပ်လို့ရှိရင် Dental Surgeon ကတော့ (၃၀၀)ခန့်ဖို့ရှိပါတယ်။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း ဒီနေရာမှာ ကျွန်တော်တစ်ခုတင်ပြချင်တာက သွားဘက်ဆရာဝန်များအနေနဲ့ ကျွန်တော်တို့ မှာ အဓိကဌာနကြီး(၂)ခုဖြစ်တဲ့ ကုသရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှိပါတယ်။ ကုသရေးဦးစီးဌာနမှ ကျွန်တော်တို့က(၆၂၄)ဦး ခွင့်ပြုထားပါတယ်။ (၆၂၄)ဦးက ကျွန်တော်တို့ (၅၅၁) ဦး ကျွန်တော်တို့ ခန့်ထားပြီးပါပြီ။ ပြည်သူ့ကျန်းမာရေးဌာနမှာတော့ ကျွန်တော်တို့က နည်းနည်းခန့်ဖို့ လိုနေပါတယ်။ (၈၂၅)ဦး ခွင့်ပြု၊ ခန့်ထားက (၂၁၇)၊ (၆၀၈)ဦးလောက် ကျွန်တော်တို့ လိုအပ်လျက် ရှိပါ တယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ ဒီမှာတင်ပြချင်တာက ကျွန်တော်တို့ Dental Surgeon တွေ ပေါ့လေ၊ B.D.S တွေကို အခု ၂၀၁၆ အထိ ထုတ်ပြီးတဲ့ ဆရာဝန်ပေါင်း (၄၃၆၆) ဦး ရှိပါတယ်။ ကျွန်တော်တို့ အခုဆက်လက်ထွက်ဖို့ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ (၂၅၁)ဦးထွက်မယ်။ ၂၀၁၈ ခုနှစ်မှာ (၂၄၇)ဦးထွက်ပါမယ်။၂၀၁၉ ခုနှစ်မှာ(၃၇၀)ထွက်ပါမယ်။ ဒီမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြတဲ့ မွန်ပြည်နယ်မှာဆိုရင် အြေခအနေကောင်းပါတယ်ခင်ဗျား။ မွန်ပြည်နယ် ကုသရေးဦးစီးဌာန မှာ သွားဆရာဝန်(၁၆)ယောက်ရှိမည့်အနက် (၁၅)ဦး ရှိပါတယ် ခင်ဗျား။ မွန်ပြည်နယ်မှာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှာ သွားဆရာဝန်(၁၅)ယောက်ရှိတဲ့အထဲမှာ (၈)ယောက်ရှိပါတယ်။ အဲဒီတော့ မွန်ပြည်နယ်အနေနဲ့ ဒီသွားနဲ့ပတ်သက်ပြီးတော့ ဆရာဝန်တွေက အခြားတိုင်းနှင့် ပြည်နယ်နှင့် နှိုင်းယှဥ် မည်ဆိုရင် တော်တော်အြေခအနေ ကောင်းပါတယ်။ သို့သော်လည်း ကျွန်တော်တို့က ဖွဲ့စည်းပုံအရ ဆက်လက်ခန့်ထားမယ်။ လိုအပ်လို့ရှိရင် ဖွဲ့စည်းပုံကို ထပ်တိုးဖို့လိုပါတယ်။ သွားကျန်းမာရေးကလည်း အခြားကျန်းမာရေးနှင့် တန်းတူအရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒုတိယအချက် Dental Nurse ကိစ္စနှင့် ကျွန်တော်တင်ပြပါမယ်။ Dental Nurse ဆိုတာက သူကနှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ စတက်တည်းက Dental Nurse သူက (၂)နှစ်သင်တန်း ပါ။ ြပီးရင် သူက Dental ပဲလုပ်မယ်။ သူက အခုလောလောဆယ် (၄၂)ဦး တက်နေပါတယ်။ သို့သော် လည်း ဒီမှာ ကျွန်တော်တစ်ခုတင်ပြချင်တာက ဒီ Dental Nurse ထုတ်တဲ့ (၂)နှစ်သင်တန်းထုတ်တာက အနှစ်(၂၀)လောက် ပိတ်ထားပါတယ်ခင်ဗျား။ ြပီးခဲ့နှစ်ကမှ ကျွန်တော်တို့ စဖွင့်ပါတယ်။ အဲဒီတော့ University of Nursing ရန်ကုန်နဲ့ မန္တလေးမှာဖွင့်ပါတယ်။ အခု(၄၂)ဦး တက်နေပါတယ်။ ဆိုတော့ တကယ့်တကယ် တိုင်းပြည်နှင့်ကြည့်မယ်ဆိုရင်တော့ အလွန်နည်းပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က ပိုတက်ခိုင်းလို့မရဘူး။ ပိုတက်လို့ရှိရင် Quality ကျသွားမှာ ဖြစ်တယ်။ (၄၂)ဦး။ နောက်တစ်မျိုးက Dental မှာ ကျွန်တော်တို့က သူနာပြုသားဖွားအောင်ထားတဲ့ B.N.Sc အောင်ထားတဲ့ B.N.Sc Bridge Course အောင်ထားတဲ့ (၃)နှစ်သူနာပြု သားဖွားဒီပလိုမာသင်တန်းနှင့်ကလည်း Dental Specialist Nurse ပေါ့။ Dental Speciality ပေါ့။ အဲဒါ(၉)လ သင်တန်းရှိပါတယ်။ အဲဒီ(၉)လသင်တန်းကလည်း (၁၆)ဦးတက်ပါတယ်။ ဒါပေမဲ့ အဲဒါကိုလူတွေက မတက်ချင်ပါဘူး။ အမှန်အတိုင်းပြောမယ်ဆိုရင်၊ ဘာဖြစ်လို့လဲဆိုရင် သူတို့က Dental လုပ်လို့ရှိရင် သူတို့ရဲ့ လုပ်ငန်းနယ်ပယ်က ကျဥ်းသွားတယ် ခင်ဗျား။ အဲဒါတစ်ချက်ရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ဒီမှာ တင်ပြချင်တာက ကျွန်တော်တို့ Bachelor of Science၊ Bachelor of nursing (၂)မျိုးရှိပါတယ်။ Bridge Course၊ Generic Course၊ လေးနှစ် Course ဆိုတာ၊ နောက်ထပ် (၃)နှစ် Course သူတို့က(၃)နှစ်ကို။ ဒီသင်တန်းတွေ မှာလည်း ကျွန်တော်တို့က သွားနှင့်ပတ်သက်သော သူနာပြုဆရာမတွေကို သင်ကြားဖို့ ဖြစ်ပါတယ်။ ဆိုလိုတာက Dental Nurse မရှိသော်ငြားလည်း ဒီသူနာပြုများသည်လည်း Dental နဲ့ ပတ်သက်ပြီးတော့ Dental Surgeons တွေကို Assist လုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တင်ပြ လိုပါတယ်။ ဆိုလိုတာက Dental ၊ Bachelor of Science nursing Course မှာလည်း သွားနဲ့ ပတ်သက်တာကို သင်ထားရပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက် အချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး မေးထားတဲ့ Dental Nurse နဲ့ Dental ဆရာဝန် အြေခအနေကတော့ မွန်ပြည်နယ်မှာ အခြားပြည်နယ်ထက်ကို တော်တော်ကောင်းတာကို တွေ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်နောက်ထပ်ဆက်လက် ဖြေကြားပါမယ်။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ် အမှတ်(၅)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်၏ ကြယ်ပွင့်ပြမေးခွန်းဖြစ်သော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ သရက်တပင် ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အအုံနှင့် ဒုက္ကံချောင်းကျေးရွာ၊ ရွှေပြည် ကျေးရွာ၊ နာဂရာကျေးရွာ၊ စပါးဆိပ်(သရီ)၊ စဖိုသားကျေးရွာ၊ ကျောက်တန်းကျေးရွာတို့တွင် ကျေးလက် ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အအုံများကို ၂၀၁၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေး ရန် အစီအစဥ်ရှိ/မရှိ ကိစ္စနှင့်ပတ်သက်၍ ြေဖကြားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေ ဖြင့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ အဆောက်အအုံဆောက်လုပ်ရန် နှစ်စဥ်စီမံကိန်းများ ရေးဆွဲပြီး ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ဆောင်ရွက်တဲ့အခါမှာ ဒီပြည်နယ်၊ တိုင်းတစ်ခုတည်းကို မလုပ်ပါဘူး။ ပြည်နယ်၊ တိုင်းအားလုံးမှာ လိုအပ်ချက်ပေါ်မူတည်ပြီး ကျွန်တော်တို့က တင်ပြပါတယ်။ တောင်းတိုင်း တောင်းတိုင်း ပေးလို့တော့ မရပါဘူး။ တောင်းတိုင်း တောင်းတိုင်းပေးလို့မရဘူးဆိုတာက ကျွန်တော်တို့က ဒီကျေးလက်ကျန်းမာရေးဌာနခွဲဖြစ်ဖြစ်၊ ကျေးလက်ကျန်းမာရေးဌာနပေါ့လေ။ Rural Health Center ၊ Sub-Center Health၊ Station Hospital ဖြစ်ဖြစ် ဆောက်တော့မယ်ဆိုရင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အချက်အလက်အများကြီးကို သုံးသပ်ရတယ်။ ဥပမာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အချက်အလက် ရှုထောင့်၊ လူမှုရေးရှုထောင့်၊ လမ်းပန်းဆက်သွယ်ရေးရှုထောင့်၊ ြေမပြင်အနေအထား ရှုထောင့်၊ နိုင်ငံရေး ရှုထောင့်၊ စီးပွားရေးရှုထောင့်၊ နောက် လူနာ Catchment Area ကြီး/မကြီး ဒါတွေကို အကုန်လုံးစဥ်းစားပြီးမှ ကျွန်တော်တို့က ဒီဆောက်တာ၊ မဆောက်တာကို သေချာစွာ စိစစ် သုံးသပ်ပြီးမှ ကျွန်တော်တို့က ဆောက်ရခြင်းဖြစ်တယ်။ ဘာကြောင့် ကျွန်တော်တို့က ဒီလိုြေပာရတယ်ဆိုလိုရှိရင် အဆောက်အအုံတစ်ခုဆောက်ပြီး တိုင်း ပြီးမသွားပါဘူး။ ဒီအဆောက်အအုံမှာ ခန့်မယ့်လူအင်အား ဥပမာ လူအင်အား၊ ကျွမ်းကျင် ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ နောက်အုပ်ချုပ်ရေးဝန်ထမ်း၊ အခြားဝန်ထမ်းတွေလည်း ကျွန်တော်တို့က ခန့်ရပါတယ်။ ထို့ပြင် ဒီမှာရှိတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေလည်း ကျွန်တော်တို့က ငွေကုန်ပါတယ်။ နောက်တစ်ခါ ပရိဘောဂတွေလည်း ကုန်ပါတယ်။ အဲဒီတော့အဘက်ဘက်က စဥ်းစားပြီးမှ ဒီ Sub-Center ဖြစ်ဖြစ်၊ ကျေးလက်ကျန်းမာရေးဌာနခွဲဖြစ်ဖြစ်၊ ဌာနဖြစ်ြဖစ် ကျွန်တော်တို့က ဆုံးဖြတ်ပါတယ်။ ဒီနေရာမှာ ကျောက်တော်ကို ပြန်ကြည့်တဲ့အခါမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရောင်စုံ ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲနဲ့ င/တပေါင်းကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ခွဆုံကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာဆောက်ဖို့ကိုတော့ ရန်ပုံငွေ(၆၃)သန်းစီကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရတဲ့အတွက် ဒါတွေကတော့ အကုန်ရမှာပါ။ ၂၀၁၇ ခုနှစ်] ဖြေကြားခြင်း သို့သော်လည်း မေးခွန်းမှာမေးထားတဲ့ရွာတွေမှာ ဆိုလို့ရှိရင်တော့ ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းနှင့် ကျောက်တန်းကျေးလက်ကျန်းမာရေးဌာနခွဲများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ထိန်းစရိတ် သိန်း(၁၀၀)စီလည်း ကျွန်တော်တို့ ချထားပြီးဖြစ်ပါတယ်။ ဒါကို လုပ်ဆောင်ပြီးဖြစ်ပါ တယ်။ မေးခွန်းမှာ မေးထားတဲ့ ဒီ ကျွန်တော်တင်ပြချင်တာက စံကိုက်ကို မေးထားပါတယ်။ စံကိုက်မေးတဲ့ အခါမှာ အရင်တုန်းကဆောက်ထားတဲ့ အဆောက်အအုံကြီးမှာ စံကိုက်မဟုတ်တာတွေ အများကြီး ရှိပါတယ်။ ဒီစံကိုက်မဟုတ်တာတွေကို ကျွန်တော်တို့က Step by Step အဆင့်ဆင့်၊ အဆင့်ဆင့် စံကိုက်ဖြစ်အောင် ပြန်လုပ်နေရပါတယ်။ တော်တော်များများက တချို့က စံကိုက်မရှိသေးပါဘူး။ စံကိုက်ဖြစ်အောင် ကျွန်တော်တို့ တဖြည်းဖြည်းလုပ်မှာပါ။ အဲဒီတော့ ဒီနေရာမှာ သရက်တပင် ကျေးလက် ကျန်းမာရေးဌာနမှာရှိတဲ့ မေးခွန်းမှာမေးထားတဲ့ ရွှေပြည်၊ နာဂရာ၊ စပါးဆိပ်(သရီ)နှင့် စဖိုသားကျေးလက် ကျန်းမာရေးဌာနခွဲများမှာ စံကိုက်ဆောက်လုပ်ဖို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ကျွန်တော်တို့ ပါဝင်ခြင်းမရှိသေးပါဘူး။ သို့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစပြီးတော့ နှစ်စဥ်စီမံကိန်း များမှာ ရန်ပုံငွေရရှိမှု ဦးစားပေးဆောင်ရွက်မှာဖြစ်ပါတယ်။ ဦးစားပေးဆိုတဲ့စကားကို သုံးတဲ့အခါမှာ ကျွန်တော်တို့က ဒါ ရခိုင်ပြည်နယ်ပါ။ အဲဒီတော့ ပြည်နယ်၊ တိုင်းနှင့်အကုန်လုံးကဟာကို လွှမ်းခြုံပြီးမှ ဦးစားပေးအဆင့်လိုက် အဆင့်လိုက် လုပ်ရပါတယ်။ ရခိုင်မှာလိုတာထက် ကရင်ပြည်နယ်က လိုနေရင် ကရင်ပြည်နယ်ကို ဦးစားပေးမယ်။ ကရင် ပြည်နယ်က လိုတာဘာကြောင့် လိုလဲဆိုတော့ ခုနကျွန်တော်တင်ပြတဲ့ လူမှုရေးရှုထောင့်၊ ကျွမ်းကျင်မှု ရှုထောင့်၊ စီးပွားရေးရှုထောင့်၊ လမ်းပန်းဆက်သွယ်ရေးရှုထောင့်၊ နိုင်ငံရေးရှုထောင့်၊ ယဥ်ကျေးမှု အကုန်ပေါ့လေ၊ စီးပွားရေးရှုထောင့် အဘက်ဘက်ကကြည့်ပြီး ကျွန်တော် စဥ်းစားပါတယ်။ ကျွန်တော်တို့ ကတော့ အားလုံးကိုလုပ်မှာပါ။ ဒါပေမဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများ တင်ပြရင်တော့ နည်းနည်းတော့ ဟို သည်းခံပြီးတော့ ကျွန်တော်တို့ပေးမှာကတော့ သေချာတယ်။ ဆက်လက်ပြီး ဒုတိယနှစ်၊ တတိယနှစ်၊ လာမည့် ဒီအစိုးရသက်တမ်းအတွင်းမှာတော့ အားလုံးကို ကျွန်တော်တို့က Systematically ပေါ့လေ။ အရမ်းမလုပ်ပါဘူး။ လိုအပ်တာကို အရင်ပေး၊ အဲလိုပဲလုပ်ဖို့ အစီအစဥ် ရှိပါတယ်ဆိုတာဖြစ်ကြောင်း ကျွန်တော်တင်ပြလိုပါတယ် ခင်ဗျား။ ကျွန်တော်တို့ နောက်ဆုံးမေးခွန်းဖြစ်တဲ့ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ မကွေးတိုင်း ဒေသကြီး၊ အမှတ်(၆)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၏ ကြယ်ပွင့်ပြ မေးခွန်းဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ အိုးသည်ကျေးရွာအုပ်စု၊ အိုးသည်အရှေ့ကုန်းရွာ၌ ကိုယ်ထူကိုယ်ထဆောက်လုပ်လျက်ရှိသည့် ဆေးခန်းအဆောက်အအုံက ဟောင်းနွမ်းနေ၍ ကျေးလက် ကျန်းမာရေးဌာန ဆေးခန်းအဆောက်အအုံသစ်နှင့် ပျိိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ Sub-Center အသစ်တို့ကို နိုင်ငံတော်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ချထားပေးရန် အစီအစဥ် ရှိ/မရှိနဲ့ပတ်သက်၍ ဖြေကြားမှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက် ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေနဲ့ကတော့ မကွေးတိုင်း၊ စလင်းမြို့တွင် တိုက်နယ်ကျန်းမာရေးဌာန(၄)ခု၊ ကျေးလက်ကျန်းမာရေး ဌာန၊ (Rural Health Center) (၁၀)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ Sub-Center (၅၀)၊ မိခင်ကလေးကျန်းမာရေးဌာန(၂)ခုရှိပါတယ်။ ပြည်သူ့ကျန်းမာရေး၊ ဆေးရုံမပါဘူး။ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းအင်အားအနေနဲ့တော့ ကျန်းမာရေးမှူး(၁)ဦး၊ မြို့နယ်သူနာပြုအဆင့် (Township Health Nurse) (၁)ဦး၊ လက်ထောက်ကျန်းမာရေး(၉)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁(၂)ဦး၊ အမျိုးသမီး ကျန်းမာရေးဆရာမ(၁၂)ဦး၊ သားဖွားဆရာမ (၇၂)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂(၄၈)ဦး၊ စုစုပေါင်း ဝန်ထမ်းအင်အား (၁၄၅)ဦးတို့အပြင် စလင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးကိစ္စများကို စလင်း မြို့နယ်မှာရှိတဲ့ လူဦးရေစုစုပေါင်း (၂၅၀၀၀၀)ကျော်ကို ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါ ဆေးရုံမပါသေးပါဘူး။ ပြည်သူ့ကျန်းမာရေးက ပြောတာပါ။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ အဆောက်အအုံ များ ဆောက်လုပ်ဖို့အတွက်ကို စနစ်တကျ ကျွန်တော်တင်ပြသလို နှစ်စဥ်စီမံကိန်းများ ရေးဆွဲဆောင်ရွက် လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရသုံး ခန့်မှန်းြေခငွေစာရင်းတွင် ငွေလုံးငွေရင်း အသုံးစရိတ် တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှာရှိတဲ့ ငွေတောင်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဇီးဖြူပင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ဖို့ ရန်ပုံငွေ (၆၃)သန်း စီကို အဆိုပြု တင်ပြတောင်းခံပြီး ကျွန်တော်တို့ရရှိပြီးဖြစ်ပါတယ်။ ဒါကို သုံးမယ်၊ ဆောက်ပါမယ်။ အခုမေးခွန်းမှာ မေးထားတဲ့ အရှေ့ကုန်းအိုးသည် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အအုံ ဆောက်လုပ်ဖို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေပါဝင်ခြင်း မရှိတဲ့အတွက် ဆောင်ရွက်ပေး နိုင်ခြင်းမရှိသေးပါဘူး။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဥ်စီမံကိန်းများတွင် ရန်ပုံငွေရရှိရေး အတွက် ဦးစားပေးအစီအစဥ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ပြောကြားလိုပါတယ်။ နောက်တစ်ခုမေးခွန်းမှာပါတဲ့ စလင်းမြို့နယ်၊ စဉ့်တူကန်ကျေးရွာက သနပ်ကုန်းကျေးလက် ဌာနအပိုင်း ငါးဇင်းရိုင်းကျေးလက်ကျန်းမာရေးဌာနခွဲအောက်မှာ ရှိပါတယ်။ ငါးဇင်းရိုင်းကျေးလက် ကျန်းမာရေးဌာနခွဲနှင့် (၂)မိုင်ဝေးပြီးတော့ စလင်းမြို့နယ်ဆေးရုံနှင့်(၁၂)မိုင်ပဲဝေးပါတယ်။ ချောင်းခြား ရိုးခြားနေမှု ရှိပါတယ်။ စဉ့်တူကန်ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ Sub-Center ဖွင့်လှစ်ခွင့် ရမည်ဆိုလို့ရှိရင်တော့ ဒီကျေးရွာအပါအဝင် ကျေးရွာပေါင်း(၇)ရွာ၊ အိမ်ြေခ(၅၁၇)အိမ်၊ လူဦးရေ (၃၀၀၀)နီးပါး(၁)နှစ်အောက်ကလေး(၅၀)ဦး၊ (၅)နှစ်အောက်ကလေး(၂၅၀)ခန့်၊ ကိုယ်ဝန်ဆောင်မိခင် (၆၀)တို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံပေးနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော့်အနေနဲ့ကတော့ ဒီ ငါးဇင်းရိုင်းကျေးလက်ကျန်းမာရေးဌာနခွဲ Sub-Center သည် လက်ရှိအြေခအနေတွင် လူဦးရေပေါင်း(၄၀၀၀)ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတဲ့အတွက် ဝန်နှင့်အား မမျှဖြစ်နေတာကို တွေ့ရပါတယ်။ ကျေးလက်ကျန်းမာရေးဌာနခွဲ တိုးချဲ့ ဖွင့်လှစ်ပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်တဲ့ အတွက် စဉ့်တူကန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တိုးချဲ့ခွင့်ပြုသင့်ကြောင်းကိုလည်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ကျွန်တော်တို့ကို ထောက်ခံတင်ပြထားတဲ့အတွက် စဉ့်တူကန် ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ဖွင့်လှစ်ရဖို့အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် နှစ်စဥ်စီမံကိန်းများတွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးတော့မဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်တော်တို့ဖြစ်အောင် တစ်ခါတည်းပဲ အပြီးထည့်ပေးမည်ြဖစ်ကြောင်း ပြောကြားရင်း လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ (သြဘာသံများ) ၂၀၁၇ ခုနှစ်] အဆုိတင်သွင်းခြင်း ဒေါက်တာတင်တင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ထောင်စုနှစ် ရည်မှန်းချက်(၁၇)ချက်မှ စတုတ္ထအချက်ဖြစ်သော QUALITY EDUCATION အတွက် မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် အထွေထွေဘာသာရပ်အခန်း၌ “မျိုးဆက်ပွား ကျန်းမာရေး”“ပြည်သူ့နီတိ”“ဒီမိုကရေစီ”တို့ကို ဘာသာရပ်များအဖြစ် မိတ်ဆက်သင်ပေး ရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့် /မသင့် အဆုံးအဖြတ် ရယူခြင်းအချိန်၊ ၁၀း၅၄။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၈)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း က ထောင်စုနှစ် ရည်မှန်းချက်(၁၇) ချက်မှ စတုတ္ထအချက်ဖြစ်သော QUALITY EDUCATION အတွက် မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် အထွေထွေဘာသာရပ်အခန်း၌ “မျိုးဆက်ပွား ကျန်းမာရေး” “ပြည်သူ့နီတိ” “ဒီမိုကရေစီ”တို့ကို ဘာသာရပ်များအဖြစ် မိတ်ဆက် သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေလိုကြောင်းနှင့် စပ်လျဉ်းသည့် အဆိုတစ်ရပ် တင်သွင်းလိုကြောင်း အမျိုးသားလွှတ်တော်သို့ ပေးပို့ထားပါတယ်။ ယခု ဒေါက်တာတင်တင်ဝင်း အဆိုတင်သွင်းဖို့ ဖြစ်ပါတယ်။အချိန်၊ ၁၀း၅၄။ ဒေါက်တာတင်တင်၀င်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာသူများအားလုံး နှလုံးစိတ်ဝမ်း ချမ်းမြေ့ကြပါစေ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မ ဒီနေ့တင်သွင်းမယ့်အဆိုကတော့ ကုလသမဂ္ဂရဲ့ STG ထောင်စုနှစ် ရည်မှန်းချက်(၁၇)ချက်ထဲမှ စတုတ္ထအချက်ဖြစ်သော QUALITY EDUCATION နဲ့သက်ဆိုင်ပါတယ်။ အဲဒါအပြင် ပညာရေးဝန်ကြီးဌာနမှလည်း ပညာရေးအရည်အသွေး မြင့်မားရေး အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆု အစီအစဥ်၊ သင်ရိုး ညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ မြှင့်တင်ခြင်းအစီအစဥ်၊ ဘဝတွက်တာကျွမ်းကျင်ရာ ဘာသာရပ် ထည့်သွင်းသင်ကြားခြင်း အစီအစဥ်၊ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ ထည့်သွင်းသင်ကြားခြင်း အစီအစဥ် စသည့်အစီအစဥ်များကို ဆောင်ရွက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် [မေလ ၁၈ ရက် ထို့အပြင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း NESP ကလည်းပဲ ရေးဆွဲပြီး ဖြစ်ပြီးတော့ အခုမြို့နယ်တွေမှာ ရှင်းပြဖို့ဆိုပြီးတော့ လုပ်နေပါတယ်။ အဲဒီထဲမှာ ဒီ NESP ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ မဟာဗျူဟာြေမာက် ပြောင်းလဲကဏ္ဍ(၉)ခုရှိပါတယ်။ နံပါတ်(၁) မူကြိုနှင့်် သူငယ်တန်းပညာရေး။ နံပါတ်(၂) အရည်အသွေးနှင့် လူတိုင်းအကျုံးဝင်မှု။ နံပါတ်(၃) အြေခခံပညာ သင်ရိုးညွှန်းတမ်း။ နံပါတ်(၄) ပညာရည်စစ်ဆေးရေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲကျင်းပခြင်း။ နံပါတ်(၅) ဆရာအတတ်သင် သိပ္ပံ၊ ဆရာအတတ်သင်ပညာရေးနှင့် စီမံခန့်ခွဲမှု။ နံပါတ်(၆) ကျောင်းပြင်ပ နှင့် တစ်သက်တာပညာရေး။ နံပါတ်(၇) နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းနှင့် လေ့ကျင့်ရေး။ နံပါတ်(၈) အဆင့်မြင့်ပညာရေး။ နံပါတ်(၉) စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အရည်အသွေး အာမခံမှုတို့ ဖြစ်ပါတယ်။ အဲဒါနဲ့ တိုက်ဆိုင်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မကလည်း ဒီအဆိုကို တင်သွင်းပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့နိုင်ငံဟာ နိုင်ငံကြီးသားပီသအောင်သင်ပေးတဲ့ ပညာရေးစနစ် မရှိခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီ။ ဒါကြောင့် အောက်ပါခေါင်းစဥ်ကျင့်သုံးမှုကို သင်ရိုးညွှန်းတမ်း အထွေထွေ ဘာသာရပ်ထဲတွင် ထည့်သွင်းသင်ကြားပေးစေလိုပါတယ်။ ၁၉၉၈ ခုနှစ်ကတည်းကပင် ဤအထဲက အချို့သောဘာသာရပ်များကို သင်ကြားပေးနေပေမယ့် ယနေ့ခေတ်လိုအပ်ချက်အရသော် လည်းကောင်း၊ ပိုမိုနားလည်ကျင့်ကြံ၊ ကျင့်သုံးတတ်အောင် သင်ကြားပေးစေလိုတဲ့ အတွက်သော်လည်းကောင်း ဤ အဆိုကို တင်သွင်းရပါတယ်။ ကျွန်မတင်သွင်းလိုတဲ့ အချက်(၃)ချက်ကတော့ နံပါတ်(၁) မျိုးဆက်ပွား ကျန်းမာရေး။ နံပါတ်(၂) ဒီမိုကရေစီ။ နံပါတ်(၃) ကိုယ်ကျင့်တရားကျောင်းပညာ ပြည်သူ့နီတိတို့ ဖြစ်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေးကို မူလတန်းမှအပ အလယ်တန်း၊ အထက်တန်း၊ ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ်တို့မှ အထွေထွေဘာသာရပ်ထဲ ထည့်သွင်းသင်ကြားချင်တဲ့ အကြောင်းကတော့ ငယ်ရွယ်သောအမျိုးသမီးများဟာ အိမ်ထောင်မပြုမီ ကိုယ်ဝန်ရရှိကြသောအခါ ဆရာဝန်ထံ ဖျက်ဖို့ လာကြပါတယ်။ ဆရာဝန်က ကျင့်ဝတ်အရ မဖျက်ပေးရင် ဖျက်ချင်တဲ့ဆီမှာ ဖျက်ပေးတဲ့လူနဲ့ ဖျက်ချင် သလို ဖျက်လာတဲ့အခါမှာ နံပါတ်(၁) မျိုးဆက်ပွားအင်္ဂါထိခိုက်ပျက်စီးခြင်း၊ နံပါတ်(၂) ပိုးဝင်၍ သွေးအဆိပ်တက်ခြင်း၊ နံပါတ်(၃) သွေးသွန်၍ အသက်ဆုံးရှုံးရခြင်း စသည်တို့ ဖြစ်ပါတယ်။ ဤသို့ဖြင့် လူသားအရင်းအမြစ်များ ချည့်နဲ့ဆုံးရှုံးကြရပါတယ်။ ငယ်ရွယ်စဥ်အခါမှစ၍ မိမိခန္ဓာကိုယ်ထဲမှာရှိတဲ့ အရေးကြီးတဲ့ အင်္ဂါများ အကြောင်းကို သိထားခြင်းဖြင့် ကာကွယ်စောင့်ရှောက်တတ်လာပါမယ်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ယဥ်ကျေးမှုအရ လိင်ပညာပေးကို မိဘက သားသမီးကို သင်မပေး ကြပါဘူး။ ဆရာတွေ ဆရာမတွေက သင်ပေးရင်လည်း မိဘတွေက မကြိုက်ကြပါဘူးလို့ပြောပါတယ်။ ဒါပေမဲ့ သားသမီးတွေကတော့ အချိန်မတိုင်မီ လိင်မသမာမှုများကို ကျူးလွန်မိကြသောအခါ အထက်မှာ တင်ပြခဲ့တဲ့ အပြစ်များဖြစ်ကြပြီး ဒုက္ခပေါင်းစုံ ကြုံရပါတယ်။ ၂၀၁၇ ခုနှစ်] အဆုိတင်သွင်းခြင်း ဥက္ကဋ္ဌကြီးရှင်။ ဒုတိယအချက်ဖြစ်တဲ့ ဒီမိုကရေစီအကြောင်းပါ။ ဒီိမိုကရေစီရဲ့ ပင်ကိုယ် သဘောတရားကို ငယ်စဥ်ကတည်းက သိရှိကျင့်သုံးမယ်ဆိုရင် ဒီမိုကရေစီရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ြေပာဆိုလုပ်ကိုင် ရေးသားခွင့်ရှိသလို မိမိပြောဆိုလုပ်ကိုင် ရေးသားတာတွေကို မိမိ ဘာသာ တာဝန်ယူမယ်ဆိုရင် ပုဒ်မ ၆၆(ဃ) မလိုသလို လမ်းပေါ်တက်ပြီး စက်ဘီး၊ ဆိုင်ကယ်၊ ကားတွေကို ရပ်ချင်သလိုရပ်လို့ လမ်းပိတ်ဆို့တဲ့အတွက် ခရီးနှောင့်နှေးခြင်းတွေလည်း မဖြစ်တော့ ပါဘူး။ ဒီမိုကရေစီမှာ Rights နှင့် Responsibility ရှိကြောင်းငယ်စဥ်ကပင် အသိပေးရပါမယ်။ ဥက္ကဋ္ဌကြီးရှင်။ ဒီမိုကရေစီစနစ်ဆိုတာ Of the people၊ For the people၊ By the people၊ ပြည်သူထဲက ပြည်သူအကျိုးအတွက် ပြည်သူကတင်မြှောက်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့ အတွက် ပြည်သူတစ်ဦးချင်းက စွမ်းဆောင်ရည်ရှိမှ ပြည်သူတစ်ဦးချင်းက စည်းကမ်းရှိမှ ပြည်သူ တစ်ဦးချင်းက တာဝန်ယူမှုရှိမှ အောင်မြင်မယ့်စနစ်ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင် အရင်ကောင်း အောင်ကြိုးစားမှ ဒီစနစ်ကို အကောင်အထည်ဖော်လို့ရပါမယ်။ အခြားသူများနှင့် ပတ်သက်လျှင်လည်း Agree to Disagree တစ်ဦးနှင့်တစ်ဦး သဘောမတူခဲ့လျှင် သဘောမတူတာကို လက်ခံပြီး တိုင်းပြည် တိုးတက်ဖို့အတွက် ဆွေးနွေးညှိနှိုင်းတိုင်ပင်တဲ့အလေ့အထကို ငယ်စဥ်ကပင်ကျင့်သုံးပြီး ပန်းတိုင်ကို ရောက်အောင်သွားရမှာကလည်း ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ တတိယအချက်ကတော့ ကိုယ်ကျင့်တရားကျောင်းပညာပါ။ ဒါကတော့ ပြည်သူ့နီတိထဲမှာ ပါပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ တောတောင်ရေြေမသဘာဝနယ်ခြားမျဥ်းတွေနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ လူတွေနဲ့တည်ဆောက်ရတာပါ။ လူသားတွေနေတဲ့ ပတ်ဝန်းကျင်မှာ ငယ်စဥ်အခါက ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီးတော့ အနည်းဆုံးတော့ သူများအသက်ကို မသတ်ရဘူး။ သူများဥစ္စာ ကို မခိုးရဘူး။ သူများကို မလိမ်ရဘူး။ မူးယစ်စေတတ်တဲ့ဆေးများကို မသုံးစွဲရဘူး။ လိင်မသမာမှုများ မကျူးလွန်ရဘူးဆိုတဲ့ အြေခခံအချက်လေးကို နားလည်ပြီးတော့ လိုက်နာကျင့်သုံးတတ်အောင် သင်ပေးခဲ့ မယ်ဆိုရင် ပြည်သူငွေသန်းပေါင်း (၁၇၀၀၀)ကျော်အလွဲသုံးစားလုပ်တဲ့ အမှုလည်း ရှိမှာမဟုတ်ပါဘူး။ နေရာတိုင်းမှာ စိတ်အခန့်မသင့်တာနဲ့ လူသတ်နေတဲ့အဖြစ်မျိုးလည်း ရှိမှာမဟုတ်ပါဘူး။ လိမ်လည် လှည့်ဖြားြပီးငွေကိုဖြစ်စေ၊ လူကိုဖြစ်စေ ယူနေတဲ့ အမှုမျိုးလည်း ရှိမှာမဟုတ်ပါဘူး။ မူးယစ်ဆေးစွဲပြီး ခိုးမှု၊ လုယက်မှု၊ အိမ်အခွံချည်းကျန်အောင် ရောင်းစားမှု၊ သူတစ်ပါး၏ သွေးဆောင်ဖျားယောင်းမှုကို ခံရခြင်း၊ မူးယစ်ဆေးမှတစ်ဆင့် ကူးစက်တက်သော HIV, AIDS လည်းဖြစ်မှာ မဟုတ်ပါဘူး။ လိင်မသမာမှုများ မကျူးလွန်တော့တဲ့အတွက် မုဒိမ်းမှု၊ သူများအိမ်ထောင်ကို ဖျက််ဆီးမှု၊ လူကုန်ကူးမှု၊ အရွယ်မရောက်သေးသူများကို မုဒိမ်းကျင့်မှု စတဲ့စပ်ဆုပ်ဖွယ်ရာ အပြစ်များလည်း ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ြပည်ထောင်စုအစိုးရထံ တိုက်တွန်းလိုတာကတော့ အထက်ပါ အချက်(၃)ချက်ကို ပညာရှင်များနှင့် တိုင်ပင်ကာ သင်ရိုးညွှန်းတမ်း အထွေထွေဘာသာရပ် တွင် ထည့်သွင်းရေးဆွဲပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ပညာရေးကောလိပ်၊ ပညာရေး တက္ကသိုလ်တို့တွင် သေချာစွာ နားလည်ပြီး အမှန်တကယ် ကျင့်သုံးတတ်အောင် သင်ကြားပေးစေလိုတဲ့ အဆိုကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်ထောင်စုအစိုးရအား တင်သွင်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ရှင်။ (သြဘာသံများ) အမျိုးသားလွှတ်တော် [မေလ ၁၈ ရက်အချိန်၊ ၁၁း၀၁။ ဥက္ကဋ္ဌ။ ။ အဆိုကို ထောက်ခံမယ့်သူရှိပါက ဖိတ်ခေါ်ပါတယ်။အချိန်၊ ၁၁း၀၁။ ဒေါက်တာမြသောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)။ ။ လေးစားအပ်ပါ သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ ခင်ဗျား။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး အမှတ်(၇)မဲဆန္ဒနယ်မြေက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်းဖြစ်ပါတယ်။ ခုနက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်း တင်သွင်းတဲ့ အဆိုဟာ အခု မျက်မှောက်ခေတ်ကာလနဲ့ အလွန်ဆီလျော််နေတဲ့အတွက် နောက်ပြီးတော့ လည်း နိုင်ငံတော်အတွက်လည်း လိုအပ်နေတဲ့အချက်ေတွလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော် ရဲ့ အနာဂတ်ကောင်းစားဖို့အတွက် ကျောင်းသားဘဝမှာကတည်းက လေ့ကျင့်သင်ကြားပေးရမယ့် ဘာသာရပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်စဥ်က ပြည်သူ့နီတိကို သင်ကြားခဲ့ရပါတယ်။ နောက်ပိုင်း မှာတော့ သင်ကြားပေးမှုမရှိတဲ့အတွက် လူငယ်များ အကျင့်စာရိတ္တပျက်စီးပြီးတော့ ဆိုးသွမ်းခဲ့ကြပါ တယ်။ နောက် မျိုးဆက်ပွားကျန်းမာရေးကလည်း ကျွန်တော်တို့ သင်ကြားသင့်တဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဘဝတစ်သက်တာ သိမှတ်စရာဆိုတဲ့ အထဲမှာတော့ အနည်းအကျဥ်း ပါ ပါတယ်။ ဒါလည်း ကျွန်တော်တို့ အကျယ်တဝင့် သင်ကြားဖို့လိုပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ အခုဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး တော့လည်း ဒီဟာတွေက အခြေခံပညာပေးရမယ့် အချက်အလက်ထဲမှာ ပါဝင်ပါတယ်။ အနောက်နိုင်ငံ များမှာ ကျွန်တော်တို့ မူကြိုအရွယ်ကပင် ကလေးသူငယ်များကို ဖက်ယမ်းနမ်းရှုပ်ခြင်း မကိုင်သင့် မကိုင်အပ်တဲ့နေရာတွေကို ကိုင်လို့ရှိရင် ငြင်းဆန်ဖို့ စသည်ဖြင့် ဒီလိုသင်ကြားပေးလေ့ ရှိပါတယ်။ ဒါတွေက ကောင်းမွန်တဲ့ သင်ကြားချက်တွေ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဒီမိုကရေစီအခြေခံကျင့်စဥ်ကိုလည်း ကျောင်းမှာကတည်း က ကျွန်တော်တို့ သင်ကြားပေးလို့ရှိရင် ဒါအနာဂတ်အတွက် ကျွန်တော်တို့ ကောင်းမွန်တဲ့အချက်အလက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျောင်းကောင်စီရွေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီမိုကရေစီစနစ်အရ ရွေးကောက်တင်မြှောက်ပြီးတော့ ရွေးချယ်တဲ့ စနစ်မျိုးပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဒီမိုကရေစီ အြေခခံကျင့်စဥ်ကိုလည်း နားလည်ြပီး၊ နောက် ြပည်သူ့နီတိ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆို ကျောင်း၌ ယဥ်ကျေးခြင်း၊ လမ်း၌ယဥ်ကျေးခြင်း၊ စားသောက်စဥ် ယဥ်ကျေးခြင်း စသည်ဖြင့် သင်ခဲ့ရတာကို မှတ်မိနေပါတယ်။ ဒါကြောင့်မို့လို့ အမှတ်(၅)မဲဆန္ဒနယ်က ဒေါက်တာဒေါ်တင်တင်ဝင်း တင်သွင်းတဲ့ မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများမှာ အခြေခံဘာသာရပ်များကို မိတ်ဆက်သင်ကြားပေးရုံမျှမက ကျင့်သုံးရန် စီမံ ဆောင်ရွက်ပေးစေလိုကြောင်း အဆိုကို ကျွန်တော်က ထောက်ခံကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ ၂၀၁၇ ခုနှစ်] အစည်းအဝေး နေ့ရက်နှင့်အချိန်ကြေညာခြင်း အချိန်၊ ၁၁း၀၃။ ဥက္ကဋ္ဌ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ဒေါက်တာ တင်တင်ဝင်း တင်သွင်းတဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ အဆိုမှာ “ထောင် စုနှစ် ရည်မှန်းချက်(၁၇)ချက်မှ စတုတ္ထအချက်ဖြစ်သော QUALITY EDUCATION အတွက် မြန်မာနိုင်ငံ ရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းများတွင် အထွေထွေဘာသာရပ်အခန်း၌ “မျိုးဆက်ပွား ကျန်းမာရေး” “ပြည်သူ့နီတိ” “ဒီမိုကရေစီ”တို့ကို ဘာသာရပ်များအဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံး စီမံဆောင်ရွက်ပေးစေလိုကြောင်း” ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း ဖြစ်ပါတယ်။ ဒါကြောင့် အဆိုကို လက်ခံဆွေးနွေးရန် သင့် /မသင့် လွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်။ အဆိုကိုလက်ခံဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူပါသလား ခင်ဗျား။ [သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သေဘာတူပါသည်။] အဆိုကို လက်ခံဆွေးနွေးဖို့ သဘောမတူတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရှိပါသလား ခင်ဗျား။ [သဘောမတူသူ မရှိပါ] အဆိုကို လက်ခံဆေွးနွေးဖို့ သဘောမတူတဲ့ လွှတ်တော်ကိုယ်စားလှယ် မရှိတဲ့အတွက် ဒေါက်တာတင်တင်ဝင်းရဲ့ အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာ ပါတယ်။ (သြဘာသံများ) ဒေါက်တာတင်တင်ဝင်း တင်သွင်းတဲ့ အဆိုကို ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အစည်းအဝေးရပ်နားတဲ့အခါ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့ကြဖို့ ဖြစ်ပါတယ်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်းအချိန်၊ ၁၁း၀၄။ ဥက္ကဋ္ဌ။ ။ အစီအစဥ်(၁၀)ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ယခု ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားပါမယ်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၇ ခုနှစ်၊ မေလ ၁၉ ရက်(သောကြာနေ့) နံနက် ၁၀း၀၀ နာရီအချိန်မှာ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါ တယ်။ (သြဘာသံများ) အမျိုးသားလွှတ်တော် [မေလ ၁၈ ရက် အခမ်းအနားမှူး။ ။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါပြီ ခင်ဗျား။ အခမ်းအနားမှူး။ ။ အားလုံး ထွက်ခွာနိုင်ကြပါပြီ ခင်ဗျား။ [ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပထမနေ့ကို ၁၁း၀၄ နာရီအချိန်တွင် ရပ်နားပါသည်။]