Share this

ပြည်တွင်းပြည်ပအလုပ်သမားများဆိုင်ရာ ကော်မတီ၏ ၁၅.၁.၂ဝ၁၃ ရက်နေ့ အစည်းအဝေး

Tuesday, January 15, 2013 - 17:57
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ အလုပ်အကိုင် အခွင့် အလမ်းများရရှိပြီး အလုပ်လက်မဲ့ လျော့ပါးမှု ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် (၂ဝ၁ဝ -၂ဝ၁၁) (၂ဝ၁၁-၂ဝ၁၂) ဘဏ္ဍာရေးနှစ်များတွင် စက်ရုံ အလုပ်ရုံများသို့ တာဝန်ရှိ ပုဂ္ဂိုလ်များ သွားရောက် စစ်ဆေးခြင်းရှိ/မရှိ မေးခွန်း၏ ‌ဖြေကြားချက်ကို ဆွေးနွေးခြင်း အစည်းအဝေးကို ၁၅.၁.၂ဝ၁၃ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၁၁/၂ဝ၁၃ ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ ဒေါက်တာမြင့်ကြည်၏ ကြယ်ပွင့်ပြမေးခွန်း နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ ရှင်းလင်းတင်ပြချက်အား ကော်မတီအဖွဲ့ဝင်များ သိရှိရန်အတွက် မိတ္တူတစ်စုံစီ ဖြန့်ဝေပေးရန်   အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။