အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ စက်မှုဝန်ကြီး ဌာနနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ၂ဝ၁၃ -၂ဝ၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆)လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာအား စိစစ်ရန် အကြိုညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးကို ၂၂.၁.၂ဝ၁၃ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၆/၂ဝ၁၃ ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ၃ဝ.၁.၂ဝ၁၄ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနနှင့် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနတို့ဖြင့် အစည်းအဝေး ပြုလုပ်ရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။