အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအား စိစစ်ရန်၊ ပြည်တွင်း အလုပ် သမား မှတ်ပုံတင်သူပေါင်း၊ အလုပ်ရရှိသူပေါင်း၊ အလုပ်လက်မဲ့ ဦးရေ၊ ပြည်ပရောက် အလုပ် သမားဦးရေတို့အား မေးမြန်း ဆွေးနွေးခြင်း အစည်းအဝေးကို ၂၉.၁.၂ဝ၁၃ ရက်နေ့၊ အစည်း အဝေး အမှတ်စဉ် ၁၃/၂ဝ၁၃ ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း (မူကြမ်း)အပေါ် မကွေးတိုင်း ဒေသ ကြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအား စိစစ်ရန် အစည်းအဝေး မှ ဆုံးဖြတ်ခဲ့သည်။