အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်များ ဆွေးနွေးခြင်း အစည်းအဝေးကို ၅.၂.၂ဝ၁၃ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၁၄/၂ဝ၁၃ ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ ဘဏ္ဍာရေးနှင့်ဆိုင်သည့် ကိစ္စရပ်များ၊ စစ်ဆေး တွေ့ရှိချက်များကို စနစ်တကျ ပြုစုထားရှိရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။