အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ တိုင်ကြားစာများအား လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့ရေး စိစစ်ရန် ဥက္ကဋ္ဌမှ မှာကြားခြင်း အစည်းအဝေးကို ၁၁.၂.၂၀၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။