အမျိုးသားလွှတ်တော် ပထမအကြိမ် ဆဌမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာဆိုင်ရာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ ပြည်သူတို့ထံမှ တိုင်ကြားလာသည့် တိုင်ကြားစာများ ကိစ္စ ဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြမည့် အမှုတွဲများ စိစစ်ရန် ညှိနှိုင်းခြင်း၊ ရေးသားချက် မပြည့်စုံသော တိုင်ကြားစာ အမှုတွဲများ ပြင်ဆင် ရေးသားရန်ရှိကြောင်း၊ တစ်ဖက်ကလည်း ဘတ်ဂျက်ကိစ္စ ရှိကြောင်း၊ ထို့ကြောင့် နေ့တစ်ဝက်ပဲ လွှတ်တော်တက်ပြီး ကော်မတီကိစ္စ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တက်ညီ လက်ညီလုပ်မှ ကော်မတီ လုပ်ငန်းများ အောင်မြင်မည် ဖြစ်ကြောင်း၊ လွှတ်တော် အစည်းအဝေး ပြီးချိန်မှာ လုပ်ငန်းများ ပြီးချင်ပါကြောင်း၊ အမှုတွဲများ ရေးသားရာတွင် Format ချပြီး ရေးသားရန် လိုကြောင်း၊ အချက်အလက် အပြည့်အစုံ ရေးသားဖို့လိုကြောင်း၊ ပြည်သူလူထုအတွက် လုပ်ဆောင်ခြင်းဖြစ်၍ အောင်မြင်အောင် လုပ်ဖို့ လိုကြောင်း၊ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကိုယ့်ကိုယ်ကို အားနည်းတဲ့ ပုဂ္ဂိုလ်များကလည်း ပြုပြင်ပြီး စိတ်ပါဝင်စားစွာ လုပ်လျှင် အောင်မြင်မှာ ဖြစ်ပါကြောင်း၊ တရားရုံး ကိစ္စများမှာ ဥပဒေ နားလည်တဲ့သူရှိလျှင် အဆင်ပြေမည် ဖြစ်ပါကြောင်း၊ အမှုတွဲများ ရေးသားရာတွင် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ရေးသားဖို့ လိုအပ်ကြောင်း၊ ကော်မတီ၏ ဆုံးဖြတ်ချက်နဲ့ အမှန်ဆုံး အကောင်းဆုံး ဖြစ်အောင် လုပ်ရမှာ ဖြစ်ကြောင်း တက်ညီလက်ညီနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း ညှိနှိုင်းသည့် အစည်းအဝေးကို ၁၄. ၁. ၂၀၁၃ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။