အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ တိုင်ကြားစာကော်မတီ ဥက္ကဋ္ဌမှ အတည်ပြု၊ အမှုတွဲ အမှတ်- (၁/ ၂၃၉) ဆိုင်းငံထားရန် ပြောကြားခြင်း၊ (၁/၁၈၅) ဆောင်ရွက်ရန် မလိုကြောင်း ကော်မတီ မှ အကြံပြုခြင်း၊- အမက(၉) အလုံကိစ္စ ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးနိုင်ပါရန်၊ (၁/၂၄၆) ကာယကံရှင် မနစ်နာစေရေး ပြည်ထောင်စုအစိုးရ အဖွဲ့သို့ အမှုတွဲပေးပို့ရန်၊ (၁/၂၇၂)ဖြစ်စဉ် အမှန် ဖော်ထုတ်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ အမှုတွဲနှင့်အတူ လွဲပြောင်း ပေးပို့သင့်ပါကြောင်း၊ (၁/၁၇၉) ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ အမှုတွဲ လွှဲပြောင်းပေးသင့်ကြောင်း၊ ကော်မတီဝင်များ၏ တင်ပြချက်များအား တိုင်ကြားစာ ကော်မတီဥက္ကဋ္ဌမှ အတည်ပြုသည့် အစည်းအဝေးကို ၁၄. ၃. ၂၀၁၂ ရက်နေ့ ၁၆: ၁၅ နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။