အမျိုးသားလွှတ်တော် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ လွှတ်တော် အစည်းအဝေး ပြီး၍ ကော်မတီဝင်များ ပြန်သွားချိန်တွင် လုပ်ငန်းများ ပြီးပြတ် စေရန် ရုံးအဖွဲ့မှ ပြည်နယ်/ တိုင်း အလိုက် ၊ ဝန်ကြီးဌာနအလိုက် ဖိုင်များ ခွဲရန်၊ အခြားကော်မတီ များနှင့်မတူ ပင်ပန်းပါကြောင်း၊ သတင်းစာ ရှင်းလင်းပွဲ လုပ်ရမည် ဖြစ်ကြောင်း၊ တိုင်း/ပြည်နယ် မှတ်တမ်းများ လုပ်ရန် လိုအပ်ပါကြောင်း၊ ကော်မတီအနေနဲ့ မဖြစ်မနေ လုပ်ရမယ့် ကိစ္စများ ဖြစ်ပါကြောင်း ဆွေးနွေးသည့် အစည်း အဝေးကို ၁၅. ၁၁. ၂၀၁၂ ရက်နေ့ (၁၄း၃၀) နာရီတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။