Share this

ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ၏ ၁.၇.၂၀၁၄ ရက်နေ့အစည်းအဝေး

Tuesday, July 1, 2014 - 21:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး  ကျင်းပခြင်း၊ တိုင်ကြားစာများအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ရေး ဆောင်ရွက်ကြောင်း၊ ၂၀၁၃-၂၀၁၄ ခု ၊ ဘဏ္ဍာ ရေးနှစ် ဒုတိယ (၆) လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာကို မိမိတို့တာဝန်ယူ စိစစ်ရမည့် စွမ်းအင်ဝန်ကြီးဌာနအတွက် လေ့လာစိစစ်ပြီး သဘောထား မှတ်ချက်များကို စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များမှ ဖတ်ရှုလေ့လာပြီး ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ သဘောထား မှတ်ချက် တင်ပြကြရန်ဖြစ်ကြောင်း အစည်းအဝေးကို ၁.၇.၂၀၁၄  ရက်နေ့တွင်  ပြုလုပ်ကျင်းပ ခဲ့ပါသည်။