Share this

ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ ၂၂. ၈. ၂၀၁၂ ရက်နေ့ အစည်းအဝေး

Wednesday, August 22, 2012 - 17:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ ကော်မတီဝင်များအားလုံး လူစုံတက်စုံ ကော်မတီအစည်းအဝေးကို တက်ရောက် စေချင်ပါကြောင်း၊ ဖြစ်နိုင်လျှင် မိမိတို့ အသိစိတ်နဲ့ လုပ်တာကိုင်တာ အကောင်းဆုံးဖြစ်ကြောင်း၊ ဝန်ထမ်းများ အားလုံး တက်ညီ လက်ညီနဲ့ ကော်မတီဝင်များကလည်း ပြင်ဆင်တာ ကြိုတင် မျှော်တွေးပြီး ပြင်ဆင်ထားလို့ အစီရင်ခံစာ ကိစ္စ  အဆင်ပြေ ချောမွေ့ပါကြောင်း ၊ ကျွန်တော်တို့အနေနဲ့ ကြိုးစားပမ်းစား တက်ညီလက်ညီ ပြည်သူ့အကျိုး အတွက် ဆောင်ရွက်သွားဖို့ လိုပါကြောင်း၊ ပြီးပြီးသား ရေးပြီးသားတွေကို ဒီကြားထဲ နည်းနည်းလေး အားထည့်ပေးဖို့ ပြောကြားလိုပါကြောင်း တိုင်ကြားစာဆိုင်ရာ ဥက္ကဋ္ဌမှ ပြောကြားသည့်  အစည်းအဝေးကို ၂၂. ၈. ၂၀၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင်  ပြုလုပ် ကျင်းပခဲ့ပါသည်။