Share this

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ၁၁. ၂. ၂၀၁၄ ရက်နေ့ အစည်းအဝေး

Tuesday, February 11, 2014 - 21:12
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌမှ   အစီရင်ခံစာ ၁/၂၀၁၄ နှင့်ပတ်သက်၍ ဖြည့်စွက် တင်ပြလိုသည်များရှိပါက ဖြည့်စွက် တင်ပြပေးကြရန် ဖြစ်ကြောင်း၊ မရှင်းလင်းသည်များ ရှိက အတွင်းရေးမှူးထံ မေးမြန်း နိုင်ပါကြောင်း၊ အစီရင်ခံစာကောင်းတစ်ခုဖြစ်ရန် ညှိနှိုင်း တိုင်ပင်ခြင်း ဖြစ်ပါကြောင်း၊ရုံးအဖွဲ့အနေဖြင့် အစီရင်ခံစာတင်သည့်အခါ ကော်မတီဝင် (၁၅)ဦး လက်မှတ်ရေးထိုးသည့် ပုံစံဖြင့် တင်ပေးရန်ဖြစ်ကြောင်း၊  အတွင်းရေးမှူးမှ လွှတ်တော်အခွင့်အရေး ကော်မတီက မိမိတို့ကော်မတီမှ အစိုးရအဖွဲ့ရုံးသို့ ပေးပို့သော အမှုတွဲများမှ ပြန်ကြားချက် မလာသော အမှုတွဲများစာရင်း တောင်းထားသည်ကို ပြုစုပေးရမည် ဖြစ်ကြောင်း၊ အမှုတွဲများနှင့် ပတ်သက်၍ ဆောင်ရွက်ရန် မလိုသည်ကို ပြည့်ပြည့်စုံစုံ မရေးပဲ တိုတိုနှင့် လိုရင်းရေး ပေးကြရန်၊ ဆောင်ရွက်ရမည့် အမှုတွဲကို အပြည့်အစုံ ရေးပေးကြရန်၊ ရုံးအဖွဲ့မှ အမှုတွဲ များအား စာအထားအသို မှန်ကန်အောင် ပြုစုပေးရန်၊ စစ်ဆေး ဆောင်ရွက်ပေးရန်သာ ဖြစ်ပြီး ရုံးအဖွဲ့ သဘောထားမပါရပါကြောင်း၊ ကော်မတီဝင်များ၏ သဘောထား မှတ်ချက်အတိုင်းသာ ဆောင်ရွက်ရပါကြောင်း ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကို ၁၁. ၂. ၂၀၁၄ ရက်နေ့ ၁၃: ၀၀နာရီတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။