အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာဆိုင်ရာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ တိုင်ကြားစာဆိုင်ရာ ဥက္ကဋ္ဌမှ အမျိုးသားလွှတ်တော် သို့ အစီရင်ခံစာ ၁/၂၀၁၄ တင်ပြရန် ရှိကြောင်း၊ အစီရင်ခံစာမူကြမ်းကို အတွင်းရေးမှူးမှ ပြုစုပြီး ကော်မတီ ဝင်များသို့ ဖြန့်ဝေထားပြီး ဖြစ်ကြောင်း၊ အစီရင်ခံစာ၌ ကော်မတီဝင် များမှ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ဖြည့်စွက်ပေးကြရန် ဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးမှ တိုင်ကြားစာများအား အမျိုးအစား ခွဲခြားတင်ပြရန် ညွှန်ကြားထားပါကြောင်း၊ တိုင်စာများ Delay မဖြစ်စေချင်ကြောင်း၊ တစ်နေ့ (၃) (၄) စောင် ပြီးသလောက် လုပ်မည် ဖြစ်ကြောင်း၊ ပြည်သူ့အတွက် မိမိတို့ လုပ်ပေးနိုင်သလောက် လုပ်ပေးရမည် ဖြစ်ကြောင်း၊ အရေးကြီးသည့် တိုင်စာများကို ကော်မတီဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ချက်ရေး ပါကြောင်း၊ တက်ညီလက်ညီ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်း၊ ကော်မတီအတွင်းရေးမှူးမှ အစီရင်ခံစာမူကြမ်းကို မိမိကြိုးစားရေးသားထား ပါကြောင်း၊ ကော်မတီဝင်များမှ လိုအပ်သည့် သုံးသပ်ချက်၊ အကြံပြုချက်များ ဖြည့်စွက်ပေးရန် ဖြစ်ပါကြောင်း ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကို ၁၄. ၁. ၂၀၁၄ ရက်နေ့ လွှတ်တော်အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။