အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန် ကြီးဌာနမှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ(၆)လပတ် အစီရင်ခံစာနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ(မူကြမ်း) နှင့်စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းရန်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် စီမံကိန်း များနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက မိမိတို့ ကော်မတီသို့ သဘော ထားမှတ်ချက် တောင်းခံထားပါကြောင်း၊ ကော်မတီ အတွင်းရေးမှူးမှ ကော်မတီဝင်များထံ ယခင်နေ့က ပေးထားသည့် အမှုတွဲများကို စိစစ်သုံးသပ်ရေးသားပြီး တစ်ခါတည်းပေးခဲ့ရန် ပြောလိုကြောင်း၊ မိမိတို့ ကော်မတီသည် ဝန်ထမ်းအင်အား နည်းပါး၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံ လိပ်မူထားသော တိုင်ကြားစာများကို အဓိကထား၍ အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ မိမိတို့ ကော်မတီ ဆောင်ရွက်ခဲ့သည့် အမှုတွဲပေါင်း(၇၀၀)ကျော် ရှိပါကြောင်း၊ အမှုတွဲများကို ရေးသားရန် ကော်မတီဝင်များ၏ တာဝန်ဖြစ်ပါကြောင်း ဝန်ထမ်းများ ရေးသား၍မရပါကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ ကော်မတီဝင်များကို အကြံပေးရုံသာ ဖြစ်ပါကြောင်း၊ ကော်မတီဝင်များ အခက်အခဲရှိလျှင် ဝန်ထမ်းများကိုမပြောဘဲ မိမိကိုပြောကြား စေလိုပါကြောင်း၊ အစုအဖွဲ့(၃)စုရှိ၍ တိုင်စာများကို အဖွဲ့လိုက်ဆုံးဖြတ်၍ ရဲရဲတင်းတင်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ အဖွဲ့ခေါင်းဆောင်အနေဖြင့် ရဲရဲတင်းတင်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တို့မှ ပြန်ကြားမှသာလျှင် ကာယကံရှင်ထံ ပြန်ကြားရန်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကို ၁၇. ၁. ၂၀၁၄ ရက်နေ့ ၁၃: ၀၀နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။