အမျိုးသားလွှတ်တော် ပထမအကြိမ် ဆဌမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာဆိုင်ရာ အမှုတွဲများနှင့် စပ်လျဉ်း ၍ စိစစ်ခြင်း၊ လယ်ယာမြေကိစ္စရပ် အမှုတွဲများအား ပြည်သူ့လွှတ်တော် ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ပြည်သူများနစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်သို့လွှဲပေးရန်၊ အမှုတွဲ (၁၇)စောင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရန် ဆွေးနွေးသည့် အစည်းအဝေးကို ၂၃. ၁. ၂၀၁၃ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။