အမျိုးသားလွှတ်တော် ပထမအကြိမ် ဆဌမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာဆိုင်ရာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံမှ ပြန်ကျလာသည့် အမှုတွဲများ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသ ကြီး လွှတ်တော်များသို့ ပို့ရန်၊ နိုင်ငံတော်နှင့် ပြည်သူ ပတ်သက်သည့် အမှုတွဲများ၊ တရားစီရေးဆိုင်ရာ အမှုတွဲများ၊ အိမ်ခြံမြေ ကိစ္စရပ်ဆိုင်ရာ အမှုတွဲများအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေး သည့် အစည်းအဝေးကို ၂၈. ၁. ၂၀၁၃ ရက်နေ့ လွှတ်တော်အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။