Share this

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ၂၉. ၅. ၂၀၁၄ ရက်နေ့ အစည်းအဝေး

Thursday, May 29, 2014 - 21:24
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း၊ ကော်မတီ ဥက္ကဋ္ဌမှ ကော်မတီအနေဖြင့် လုပ်ငန်းများ ကြိုတင် ဆောင်ရွက်နိုင်ရန် တစ်ပတ်ကြိုတင် ဖိတ်ကြား ခဲ့သော်လည်း ကော်မတီဝင်များ ကိုယ်စီလုပ်ငန်းများ ရှိ၍ မလာရောက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ လာရောက်နိုင်သည့် သူများနှင့် ဆောင်ရွက်ရန် ရှိသည်များ ပြုလုပ်ခဲ့ပါကြောင်း၊ အလုပ်အတော် ပြီးစီးခဲ့၍ ကျေးဇူးတင်ပါကြောင်း၊ ယခု လွှတ်တော်ပုံမှန် အစည်းအဝေး စတင်ပြီ ဖြစ်၍  ကော်မတီဝင်များ အားလုံးစုပေါင်းပြီး ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ မိမိတို့ကော်မတီ လုပ်လျှင် လုပ်သလို အလုပ်များပါကြောင်း၊  ဝေဖန်သုံးသပ်ပြီး ကော်မတီ လုပ်ငန်းများ အောင်မြင်အောင် လုပ်ရန်ဖြစ်ကြောင်း၊ ကော်မတီ အတွင်းရေးမှူးမှ ကာယကံရှင်ထံ ပြန်ကြားစာ ကိစ္စနှင့် ပတ်သက်၍ ဥက္ကဋ္ဌပြောသလို အကျဉ်းချုပ်သာ ပြန်ကြားသင့်ကြောင်း၊ အစိုးရအဖွဲ့ပြန်ကြားချက်သည် တိုတိုရှင်းရှင်း ဖြစ်သည့်အတွက် အစိုးရအဖွဲ့ ပြန်ကြားလာသည့်အတိုင်း ပြန်ကြားပေးရန် ရုံးအဖွဲ့သို့ ပြောလိုပါကြောင်း၊ တရားလွှတ်တော်ချုပ် ပြန်ကြားချက်သည် အကျယ်တဝင့်ဖြစ်၍ အကျဉ်းချုပ် ကိုသာ စိစစ်ပြန်ကြားရန်ဖြစ်ကြောင်း ဆွေးနွေးသည့် အစည်းအဝေးကို ၂၉. ၅. ၂၀၁၄ ရက်နေ့ လွှတ်တော်အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။