အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှ ရေးရာကော်မတီလုပ်ငန်းများ လာရောက် လေ့လာခြင်း၊ အမျိုးသား လွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၊ တရားဥပဒေစိုးမိုးရေး တရားစီရင်ရေး နှင့်ဥပဒေရေးရာ ကော်မတီဝင်များ အပြန်အလှန် မိတ်ဆက်စကား ပြောကြားပါကြောင်း၊ အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ သည့် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာ(၁/၂၀၁၄)ကို Power Pointနှင့် အသေးစိတ် ရှင်းလင်းပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှ ဦးအောင်သန်းဦး မိမိတို့ လေ့လာသည့် အဖွဲ့အား အသိအမှတ်ပြုပြီး နွေးနွေးထွေးထွေး ရှင်းလင်းပြသည့်အတွက် ကျေးဇူးတင် ဝမ်းမြောက် ပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ကော်မတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွဲမှားမှုမရှိအောင် ဥက္ကဋ္ဌကြီးတို့ ကော်မတီထံ လာရောက် တွေ့ဆုံလေ့လာခြင်းဖြစ်ပါကြောင်း၊ ကော်မတီဝင် ဦးအောင်ကြည်ညွန့်မှ မိမိတို့ကော်မတီသည် အနှစ်ချုပ်အားဖြင့် လုပ်ပိုင်ခွင့် (၄)ခု ရှိပြီး ၎င်းလုပ် ပိုင်ခွင့်(၄)ခု ဘောင်အတွင်းမှနေပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ၎င်းလုပ်ပိုင်ခွင့် (၄) ခုမှာ ဖိတ်ကြား၊ လွှဲပြောင်း၊ ကွင်းစစ်၊ ပြန်ကြားဟု အတိုပြော၍ ရပါကြောင်း၊ လွှတ်တော်နားသည့်ကာလ မေးချင်သည်များ ရှိပါက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဦးစိုးကျော်နိုင်က မိမိတို့ တိုင်းဒေသကြီးလွှတ်တော်သည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ လှုပ်ရှားမှုများကို အားကျ အတုယူပါကြောင်း၊ လွှတ်တော်များ အားကောင်းဘို့ ရေးရာကော်မတီများ အားကောင်းများ ဖြစ်မည်ကို ခံယူထားပါကြောင်း၊ ကော်မတီဥက္ကဋ္ဌမှ ပြည်သူက လွှတ်တော်ကို ယုံကြည်အားကိုးလာအောင် ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါကြောင်း၊ လွှတ်တော်ပိုင်းက ရဲရဲဝံ့ဝံ့ ထိန်းကျောင်းပေးဖို့ အကြံပြု လိုပါကြောင်း၊ ကိစ္စရှိလျှင် အချိန်မရွေး မိမိတို့ ကော်မတီကို အကြံဉာဏ် တောင်းနိုင်ပါကြောင်း၊ ချိတ်ဆက်ပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်သက်တမ်းအတွင်း ပြည်သူအကျိုးရှိဖို့ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အစည်းအဝေးကို ၄. ၃. ၂၀၁၄ ရက်နေ့ ၁၃:၀၀ နာရီတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။