Share this

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ၅. ၂. ၂၀၁၄ ရက်နေ့ အစည်းအဝေး

Wednesday, February 5, 2014 - 21:09
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌမှ စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ(မူကြမ်း) ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းရန် ဖြစ်ကြောင်း၊ ယခင်နှစ်ကလည်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အထွေအထူး မရှိပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနတွင် ဝန်ကြီးရုံး အပါအဝင် ဌာနကြီး (၅)ခု ရှိပါကြောင်း၊ ဌာန(၁)ခုချင်း ရှင်းလင်းဆွေးနွေး ပေးရန်ဖြစ်ကြောင်း၊ ဦးဝင်းမော် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စွမ်းအင်ဝန်ကြီးဌာနက ဦးဆောင်ပြီး စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီးရုံး၊ စွမ်းအင်စီမံရေးဦးစီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းတို့၏ သာမန်ရငွေနှင့် အသုံးစရိတ် (ငွေသားစာရင်း) ပိုငွေ/လိုငွေ စာရင်းဇယားများကို အသေးစိတ် တင်ပြ ဆွေးနွေးခဲ့ပါကြောင်း၊ ကော်မတီ ဥက္ကဋ္ဌမှ စွမ်းအင်ဝန်ကြီးဌာန အသေးစိတ် ရှင်းလင်း ဆွေးနွေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ အကြမ်းအားဖြင့် သဘောတူပါကြောင်း၊ ကော်မတီ အတွင်းရေးမှူးမှ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများ၏ ရှင်းလင်း ဆွေးနွေးမှုများကို ကျေးဇူးတင်ပါကြောင်း၊ ကော်မတီကလည်း တတ်နိုင်သလောက် စိစစ်ပြီး စာရင်းပြုစုထားပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနက အသေးစိတ်ဖတ်ရှု၍ ကိန်းဂဏန်း အယူအဆမှားယွင်းမှု မရှိစေရေး စစ်ဆေး ပေးရန်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ပြည်ထောင်စုသို့ တင်ပြရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များရှိက ဖြည့်စွက် ပေးနိုင်ပါကြောင်း၊ ဝန်ကြီးဌာန အပိုင်းက တင်ပြပေးစေချင်သည့် အချက် တင်ပြနိုင်ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကို ၅. ၂. ၂၀၁၄ ရက်နေ့ ၁၂: ၀၀နာရီတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။