အမျိုးသားလွှတ်တော် ပထမအကြိမ် ဆဌမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာဆိုင်ရာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ ကော်မတီအနေဖြင့် အဆို တင်သွင်းနိုင်ရေး ဆောင်ရွက်ရန်၊ တိုင်ကြားစာ (၂၅) စောင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးသည့် အစည်းအဝေးကို ၆. ၂. ၂၀၁၃ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။