Share this

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ ၈. ၈. ၂၀၁၂ ရက်နေ့ အစည်းအဝေး

Wednesday, August 8, 2012 - 17:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများ နှင့်စပ်လျဉ်း၍ စိစစ်ခြင်း၊ ဒေါ်ခင်မြမြ ခင်ပွန်းဖြစ်သူ ဦးသိန်းဝင်းထွန်း တိုင်ကြားစာအား အမှုမှန်ဖော် ထုတ်နိုင်ရန် အစိုးရ အဖွဲ့သို့ ပေးပို့သင့်ကြောင်း ကော်မတီဝင် ဦးအောင်ချစ်လွင်မှ တင်ပြခြင်း၊ အာရှ လူ့အခွင့်အရေးကော်မရှင်က တိုင်ကြားထားသည့် ကချင်ပြည်နယ် ကယ်ဆယ်ရေးစခန်းမှ လထော်ဘရန်ရှောင်အား စရဖ ဗိုလ်ကြီး ကျော်စွာလင်းမှ ဖမ်းဆီးသည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ အမှုတွဲ ပေးပို့မည်ဖြစ်ကြောင်း ဥက္ကဋ္ဌမှ ပြောကြားခြင်း၊ ဥက္ကဋ္ဌမှ ကော်မတီဝင်များအား တိုင်ကြားစာများ ရေးသားရာတွင် သေချာဖတ်ပြီး အကြောင်းအရာ အကျဉ်းရေးခြင်း၊ တစ်ထိုင်တည်းရေးပြီး စိစစ်ရန် အစည်းအဝေးသို့ တင်ပြပြီး ပြန်ပြင်လျှင် မကောင်းကြောင်း၊ ကြိုးစား၍ လုပ်ပေးပါရန် ၊ ကောင်းသထက် ကောင်းအောင် လုပ်ဆောင်ကြပါရန် ပြောကြား သည့် အစည်းအဝေးကို ၈. ၈. ၂၀၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင်  ပြုလုပ်ကျင်းပခဲ့ပါသည်။