|
အစည်းအဝေးကျင်းပသည့် နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဒေါက်တာကျော်သန်းထွန်း (ကန်တုန်) |
| မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို |
| စက်မှုဝန်ကြီးဌာန | |
| အကြောင်းအရာ |
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကွင်းအမှတ်(၂၈၈/က)ရှိ လယ်ယာမြေဧက(၂၀၀)ကျော်အား ယခင် အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ကြွေထည်၊ မြေထည်စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး စီမံကိန်းပျက်ပြယ်ပြီးနောက် မူလပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းမပြုဘဲ ပုဂ္ဂလိကလုပ်ငန်းရှင် လေးဦးထံ လွှဲအပ်ရောင်းချခြင်း၊ မြေငှားဂရန်ချထားပေးခြင်းဖြင့် မမှန်မကန် ဆောင်ရွက်ခဲ့ခြင်းအား ပြန်လည်စိစစ်၍ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ် စိုက်ပျိုးခွင့်ပြုနိုင်ရေး ကိုင်တွယ်ဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၉)တွင် ဖတ်ရှုပါ။ |