| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးညွန့်တင် |
| ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးဇင်ယော် |
| ပို့ဆောင်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
မြန်မာနိုင်ငံရှိ လေယာဉ်ကွင်းများ အထူးသဖြင့် မင်္ဂလာဒုံ လေယာဉ်ကွင်း လေယာဉ်ရပ်နားရာ APRON တွင် လေယာဉ်များ ပြည့်ကြပ်နေပြီး မြေပြင်မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်လျက် ရှိပါသဖြင့် မြေပြင် မတော်တဆထိခိုက်မှုမရှိစေရန် မည်ကဲ့သို့ အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၂)ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း ၏ စာမျက်နှာ (၈) တွင် ဖတ်ရှုပါ။ |