| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးကျော်မြင့်ဦး |
| မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် |
| လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန | |
| အကြောင်းအရာ |
မြန်မာနိုင်ငံအတွင်း မီးလင်းရေးကော်မတီများဖြင့် လျှပ်စစ်မီးလင်းနေ သော ကျေးရွာများတွင် အိမ်တိုင်းစေ့ မီးလင်းခွင့်ရရှိရန် အစိုးရမှ ကူညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ တချို့ကျေးရွာများတွင် ကော်မတီ သုံးငွေစာရင်းနှင့်ပတ်သက်၍ မပြေလည်မှုများ ဖြစ်ပေါ်ပါက အစိုးရမှ တာဝန်ယူကူညီဖြေရှင်းစစ်ဆေးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် မီးလင်းရေး ကော်မတီများ လုပ်ငန်းပြီးမြောက်သည့်အခါ နိုင်ငံတော်သို့အပ်ခဲ့လျှင် နိုင်ငံတော်မှ တာဝန်ယူလက်ခံပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်း သည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၂)တွင် ဖတ်ရှုပါ။ |