မြန်မာ့ကမ်းရိုးတန်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို
ပြင်ဆင်သည့်ဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် )
၁၃၇၈ ခုနှစ်၊ ရက်
(၂၀၁၆ ခုနှစ်၊ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်းအစားထိုးရမည် -
(ဂ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကို ဆိုသည်။
၃။ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) ကိုအောက်ပါအတိုင်းအစားထိုးရမည် -
(ဇ) ပြည်တွင်းရေကြောင်းဆိုသည်မှာ နိုင်ငံတော်အတွင်းရေယာဉ်များ ခုတ်မောင်းသွား လာနိုင်သော ရေလမ်းကြောင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဝန်ကြီးဌာနကအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်သော အခြားရေလမ်းကြောင်းတစ်ခုခုလည်း ပါဝင်သည်။
၄။ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က) ကိုအောက်ပါအတိုင်းအစားထိုးရမည် -
(က) ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
၅။ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ခ) ကို ပယ်ဖျက်ရမည်။
၆။ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၂၀ ကို ပယ်ဖျက်ရမည်။
၇။ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ ပုဒ်မ ၂၁ ကိုအောက်ပါအတိုင်းအစားထိုးရမည် -
(က) ကြီးကြပ်ရေးဗဟိုအဖွဲ့သည် ပုဒ်မ ၁၈ အရ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ အယူ ခံခြင်းကို စိစစ်ပြီး ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ အရေးယူ ဆောင်ရွက်မှုကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်၊
(ခ) ကြီးကြပ်ရေးဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွနု်ပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်