|
အစည်းအဝေးကျင်းပသည့်နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးမောင်မောင်အုန်း |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် |
| အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | |
| အကြောင်းအရာ |
မြန်မာ့သင်္ဘောသားများ၏ အကျိုးစီးပွားကို ထိရောက်စွာကာကွယ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်စေရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ်၊ ၁/၂၀၁၂ဖြင့် ထုတ်ပြန်သော “အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများ” (၂၀၁၂)။ အခန်း(၂)၊ အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ အပိုဒ်(၄)၊ အပိုဒ်ခွဲ(စ)(၃)။ ခြွင်းချက်စာသားကိုပြင်ဆင်ရန် အစီအစဉ် ရှိ/မရှိနှင့် ပြင်ဆင်မည်ဆိုပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ ပြင်ဆင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၂၂)တွင် ဖတ်ရှုပါ။ |