Share this

မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

Friday, July 28, 2017 - 10:39
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်



အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနတွေ့ရှိချက် များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို (၂၇.၇.၂၀၁၇) ရက်နေ့ (၁၃၂၅) နာရီတွင် အမျိုးသားလွှတ်တော် J ဆောင် ထမင်းစားခန်းမ၌ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (CESD) မှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းခြင်းနှင့် မြန်မာ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (CESD) က ပြန်လည်ဖြေကြားခြင်းများကိုဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို (၁၆၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။