|
အစည်းအဝေးကျင်းပသည့်နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဒေါ်ထုမေ |
| ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) | |
| ရခိုင်အမျိုးသားပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး |
| ပညာရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ ဇရပ်ပြင် အခြေခံ ပညာအထက်တန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင်သည် အန္တရာယ်ရှိသော ကျောင်းဆောင်အဖြစ် ရောက်ရှိနေပါသဖြင့် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်များအား နှစ်အလိုက် ဦးစားပေးပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုက်ညီသည့် (၁၅၀ x ၃၀)ပေ သို့မဟုတ် စံကိုက်နှစ်ထပ်ကျောင်း ဆောင်သစ်တစ်ဆောင် ဦးစားပေးအဖြစ် သတ်မှတ်ပြီး ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၁၇)တွင် ဖတ်ရှုပါ။ |