အမျိုသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းသည် ရန်ကုန်မြို့အခြေစိုက် ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Vasily B. Pospelov အား ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20 )၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ချင်း အပြန်အလှန်လေ့လာရေးကိစ္စရပ်များ၊ ရုရှား-မြန်မာ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲ ၂ နာရီခွဲတွင် အမျိုသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းသည် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20 )၌ ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှ ပထမအတွင်းဝန် Mr. Wayne Lves အား လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ချင်း အပြန်အလှန်လည်ပတ်ရေးကိစ္စရပ်များ၊ ကော်မတီဝင်များနှင့် ဝန်ထမ်းများအား Capacity Building အတွက် သင်တန်းပေးရေးကိစ္စရပ်များ၊ U.K လွှတ်တော်နှင့် မြန်မာလွှတ်တော်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲများသို့ ကော်မတီအတွင်းရေးမှူး ဒေါ်ထုမေ၊ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။