အမျိုးသားလွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေး၌ ဦးခက်ထိန်နန်၏ “ပြည်တွင်း ငြိမ်းချမ်းရေး” အဆိုတွင် သုံးထားသည့် အသုံးအနှုန်း နှင့်ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခြင်း အစည်းအဝေးကို ၁၄.၂.၂၀၁၃ ရက်နေ့ ၁၆:၂၀ နာရီမှ ၁၆:၅၀ နာရီတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။