Share this

လွှတ်တော်အခွင့်အရေးကော်မတီ၏ ၂၂.၂.၂၀၁၃ ရက်နေ့ အစည်းအဝေး

Friday, February 22, 2013 - 18:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေး၌ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က (၇-၂-၂၀၁၃) ရက်နေ့တွင် လွှတ်တော်၌ တင်သွင်းခဲ့သည့် ၎င်း၏အဆိုအပေါ် မကွေးတိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ ကန့်ကွက်ချက်နှင့် စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းခြင်း အစည်းအဝေးကို ၂၂.၂.၂၀၁၃ ရက်နေ့ ၁၂:၃၀ နာရီ မှ ၁၃:၀၀ နာရီတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။