အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ စက်မှုဇုန်မှ ရန်ကုန်တိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ လုပ်ရပ်အား နားမလည်ဘဲ ဝင်ရောက် စွက်ဖက်သည်ဟု စွပ်စွဲပုတ်ခတ်စာ ရေးသားဖြန့်ဝေခြင်း နှင့်စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းခြင်းကို ၂၆.၆.၂၀၁၄ ရက်နေ့ ၁၅:၀၀နာရီ မှ ၁၅:၃၀ နာရီတွင် ပြုလုပ်ကျင်းပ ခဲ့ပါသည်။