အမျိုးသားလွှတ်တော် ပထမအကြိမ် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ မလေးရှားနိုင်ငံတွင် မြန်မာလူမျိုးများကို ရွေးချယ်ပြီး အကြမ်းဖက် သတ်ဖြတ်မှုများကို တားဆီးရန် မည်သို့လုပ်ဆောင်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန(၃)ခုနှင့် ဆွေးနွေးညှိနှိုင်းခြင်း အစည်းအဝေးကို ၁၆.၉.၂၀၁၄ ရက်နေ့ ၁၂:၃၀ နာရီမှ ၁၃:၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။