Share this

လွှတ်တော်အခွင့်အရေးကော်မတီ၏ ၁၉.၉.၂၀၁၄ ရက်နေ့ အစည်းအဝေး

Friday, September 19, 2014 - 22:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ မလေးရှားနိုင်ငံတွင် မြန်မာလူမျိုး များကို ရွေးချယ်ပြီး အကြမ်းဖက် သတ်ဖြတ်မှုများကို တားဆီးရန် မည်သို့လုပ်ဆောင်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန(၃)ခုနှင့် ဆွေးနွေးညှိနှိုင်းခြင်း အစည်းအဝေးကို ၁၉.၉.၂၀၁၄ ရက်နေ့ ၁၄:၀၀ နာရီမှ ၁၅:၅၀ နာရီအထိ  ကျင်းပပြုလုပ်ခဲ့ပါသည်။