အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဝင်တစ်ဦးမှ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့တွင် ဝင်ရောက် စွက်ဖက်မှု ဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ တို့မှ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပေးပို့ခဲ့သည့် အမှုတွဲများနှင့် ပတ်သက်၍ ပေးပို့ခဲ့သည့် အမှုတွဲ၊ ပြန်ကြားလာသည့် အမှုတွဲနှင့် ဆောင်ရွက် ရန် ကျန်အမှုတွဲများနှင့် စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းခြင်းကို ၅.၂.၂၀၁၄ ရက်နေ့ ၁၃:၀၀ နာရီမှ ၁၄:၃၀ နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။