အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ဦးအေးစိုး ၁၀/ကမရ (နိုင်) ၀၀၂၀၆၂ ရှင်စောပုရပ်ကွက်၊ ကမ်းနားပိုင်း ကျိုက်မရောမြို့မှ ဦးမင်းလွန်းအောင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၃) အား “ ကျိုက်မရောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ ကျင့်ဝတ်သိက္ခာ မရှိသော လုပ်ရပ်များကို လူကြီးများ မှ ပြုပြင် ပေးနိုင်ပါရန် ” တင်ပြ လာမှုအပေါ် ဆွေးနွေး ညှိနှိုင်းခြင်း အစည်းအဝေးကို ၇ . ၇. ၂၀၁၄ ရက်နေ့ ၁၃:၃၀ နာရီမှ ၁၄:၁၅ နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။